36 C
Yangon

လိပ်သိုတွင် သံမိုးတောင် စစ်တပ်စခန်းကို PDF မဟာမိတ်တပ်များက တိုက် ခိုက်မှု စစ်သား ၂၀ နီးပါးသေဆုံး၊ ယနေ့ တိုက်ပွဲ မတိုင်မီ နိုဝင်ဘာ နှင့် အောက် တိုဘာလ တိုက်ပွဲများတွင် စစ်တပ် ဘက်မှ ၄၀ ကျော် ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ သံမိုးတောင်ကျေးရွာရှိ စစ်တပ်စခန်းကို PDF မဟာမိတ်တပ်ပေါင်းစုက ယနေ့ တိုက်ခိုက်ပြီး စစ် ကောင် စီတပ်ဘက်မှ ၂၀ နီးပါး သေဆုံးသွားကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ) တပ်ဖွဲ့ မှ ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၆ နာရီတွင် ဦးကိုကြီး ဦးစီးသည့် သံတောင် မြောက်ပိုင်း (အထူးဒေသ) တပ်ဖွဲ့၊ တပ်ခွဲ ၃ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့ PDF တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၄ ၊ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီတပ်၏ သံမိုးတောင် တပ်စခန်းကို တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲ ကြာမြင့်ချိန် ၂ နာရီခွဲခန့်ရှိပြီး စခန်းရှိ စစ်ကောင်စီတပ်သားအားလုံး သေဆုံး သွားကြောင်း သိရှိရသည်။

“စစ်တပ် စခန်းမှာ ရှိတဲ့ စစ်ခွေးတွေ အားလုံး ထိခိုက်သေဆုံးပြီး စခန်းကို ကျနော် တို့ ကျားထိုးတက်တယ်။ အောက် ခြေ ကင်းစခန်းကို စတင် မီးရှို့နေ ချိန် မှာ ရဟတ်ယာဉ် ၂ စီးနဲ့ လာပစ်တယ်။ ဗုံးတွေကျဲတယ်။ စက်သေနတ်တွေ ရော့ကတ်တွေနဲ့ ပစ်တယ်။ ကျနော်တို့အားလုံး အန္တရယ် ကင်းစွာ ပြန်ဆုတ် နိုင်ခဲ့ပါတယ်။ စစ်ခွေးတွေဘက်က ၁၅ ဦးနဲ့ ၂၀ အကြား သေပါတယ်။ အနည်း ဆုံး ခွေး ၁၅ ကောင် အနည်းဆုံးပဲ။ စစ်တပ်က ရဟတ်ယာဉ်နဲ့ ၇ ခေါက် ဗုံးကျဲတယ်။ ပစ်တယ်။ အောက်ခြေ ကင်းစခန်းကို စပြီး မီးရှို့ ကျားထိုး တက် တုန်း ရဟတ်ယာဉ်တွေ ရောက်လာတာ” ဟု ဗိုလ်မုတ်ဆိတ် က ပြောသည်။

ကရင်ပြည်နယ်၊ သံတော်ကြီးမြို့နယ်၊ သံတောင်မြောက်ပိုင်း (အထူးဒေသ) နယ်မြေတွင် ယနေ့တိုက်ပွဲမတိုင်မီ ယခု နိုဝင်ဘာလ အတွင်းတိုက်ပွဲ ၃ ကြိမ်ရှိခဲ့ပြီး ယင်း တိုက်ပွဲ ၃ ကြိမ်တွင် စစ်သား ၂၀ ဦး အထက် ထိခိုက် သေဆုံးမှုရှိကြောင်း၊ အောက်တိုဘာလအတွင်းတွင်လည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး စစ်သား ၂၀ ကျော် ထိခိုက် သေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်တပ်က သံမိုးတောင်ကျေးရွာကို ရဟတ်ယာဉ်များဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာရှိ ပြည်သူ ပိုင်နေအိမ်များ ပျက်စီးသွားပြီး ရွာသား ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသည်ဟု ကနဦးသတင်းများရရှိ ထားကာ လက်ရှိတွင် စစ်တပ်က လမ်းများ ပိတ်ဆို့ထားကြောင်း သိရှိရသည်။

“တောင်ငူနဲ့လိပ်သိုလမ်းမကြီးပေါ် က သံမိုးတောင်ရွာမှာ တိုက်ပွဲဖြစ်တာမှာ စစ် တပ် ဘက် သေတာများလို့ ရဟတ်ယာဉ်နဲ့ပစ်တယ်။ အခုထက်ထိ လမ်း တွေ ကိုပိတ်ထားတယ်။ သံမိုးတောင်မှာ တိုက်ပွဲ ဖြစ်ပြီးတော့ ထုံးဘိုကြီး ရွာမှာ ရှိတဲ့ စစ်တပ်ကလည်းလက်နက်ကြီး၂ချက်နဲ့လက်နက်ငယ် ရွာဘက်တွေကို ရမ်းပစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီ စစ်ကြောင်းကို တောင်ငူ PDF က မိုင်းဆွဲတိုက်ခိုက်သဖြင့် ထုံးဘိုကြီးရွာတွင် အခြေချထားသော စစ်တပ်စခန်းမှ စခန်းမှူးနှင့်တပ်သား ၂ ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောဆို ကြ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article