ရန်ကုန်၊ နိုဝင်ဘာ ၂၈
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံတော်များက “မြန်မာပြည်ကြီး လက်ရှိဒုက္ခတွေက လွတ်ချင်ရင် အာဏာရှင်ကို ရတဲ့နည်းနဲ့ တော်လှန်ပေးဖို့လိုမယ်။ အာဏာရှင်သက်ဆိုးရှည်လေ ပြည်သူဟာ ဒုက္ခများလေဖြစ်နေလို့” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ ကြောင်းသိရသည်။