28 C
Yangon

အင်းစိန်ထောင်တွင် ကိုဂျင်မီနှင့်ကိုဇေယျာသော် အပါအဝင် ကျဆုံးသူ ၄ ဦးအတွက် ၃ လပြည့် ဆွမ်းကပ်မှု နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရပြီး တိုက်ပိတ်ခံထားရ

Must read

ရမည်းသင်းထောင်များတွင် နိုင်ကျဉ်းများကို ထောင်အာဏာပိုင်များက အကြမ်းဖက် နှိပ်စက်

ရန်ကုန်၊ နိုဝင်ဘာ ၁

အင်းစိန်ထောင်အတွင်းတွင် ကိုဂျင်မီနှင့် ကိုဇေယျာသော် ၃ လပြည့် ဝမ်းနည်းခြင်းအထိန်းအမှတ်အဖြစ် အောက် တိုဘာ ၂၃ ရက်နေ့တွင် လက်ပတ်အမည်းများဝတ်ဆင်ကာ ဆွမ်းကပ်ခြင်း ပြုလုပ် ခဲ့ သည့် အတွက် အကျဉ်းထောင် ၅ အဆောင်၊ ၁ အခန်း သူကြီးမှ ၅ အဆောင် အဆောင်မှူး မိုးဝင်အောင်ကို တိုင်တန်းခဲ့ပြီး အထိန်းအမှတ်ပြုလုပ်ပါဝင်သူများကို ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း အကျဉ်း ထောင် အတွင်းမှ စုံစမ်းသိရှိရသည်။

အကျဉ်းသားများကို အစစ်အဆေးအမေးအမြန်းမရှိဘဲ ခေါင်းဆောင်ဖြစ်သူ လေးဦးဖြစ်သည့် ကိုရဲ ရင့်ကို၊ ကိုရဲရင့်ဘို၊ ကိုဝသုန်စံ၊ ကိုဟန်သာ တို့ကို ရိုက်နှက်ကာ ခြေတွင် ဒေါက်တပ်၍ ၆ တိုက် ထဲတွင် တိုက်ပိတ်ခဲ့သည့်အပြင် မြက်နုတ်ခိုင်းခြင်း၊ ထမင်းအသိုးများကို မြေကြီးပေါ် နင်းခိုင်းခြင်း၊ မိလ္လာခပ်ခိုင်းခင်း၊ ကျင်းတူးခိုင်းခြင်းတို့ လုပ်ခိုင်းခဲ့ပြီး လုပ် ဆောင်မှုနှေးသည်ဆိုကာ ရိုက်နှက်ခိုင်းစေခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသား ၁၇ ဦးဖြစ်သည့် ကိုသက်ကိုကိုထွေး၊ ကိုကျော်ကျော်ခန့်၊ ကိုစိုးကိုကို၊ ကိုအောင်ပြည့်စုံဦး၊ ကိုကျော်သက်ပိုင်၊ ကိုရဲလင်းအောင်၊ ကိုဇော်ဇော်ဟန်၊ ကိုဇေယျာဖြိုး၊ ကိုဖိုးကောက်၊ ကိုနတ်ဆိုး၊ ကိုရဲကျော်၊ ကိုJညီ၊ ကိုညီဇင်လတ်၊ ကိုချမ်းမြေ့ကိုကိုဇင်၊ ကိုအောင်မင်းခန့်၊ ကိုနိုင်ထာဝရ၊ ကိုအောင်ကိုမင်းတို့ကိုလည်း ရိုက်နှက်စစ်ဆေးမေးမြန်းပြီး ၂ယောက် တစ်တွဲ ခြေတွင် ဒေါက်တပ်ကာ ၅ဆောင်ရှိ အခန်းများသို့ ပြန်ပို့ခဲ့ကြောင်း အကျဉ်းထောင်အတွင်း စုံစမ်းမှုများ အရ သိရှိရသည်။

“နိုင်ငံရေးအကျဥ်းသားဆိုတာ မရှိဘူး။ အကုန် အကျဥ်းသားတွေချည်းပဲ။ မင်းတို့ကို သတ်ပစ်လိုက်လို့ရတယ်။ စာရွက်တစ်ရွက်ပဲကုန်မယ်” ဟူ၍ နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင် အာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းလည်း သိရှိရသည်။

ထို့ပြင် အင်းစိန်ထောင်တွင် ဗုံးပေါက်ပြီးသည့်နောက်ပိုင်းတွင် နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်များက ခိုးဆိုးလုနှိုက်တန်းစီးများနှင့် ပူးပေါင်းပြီး ညှင်းပန်းနှိပ်စက်ဖိနှိပ်မှုများ ပိုဆိုးလာပြီး အပြင်မှ မကျေနပ်ချက်များကို နိုင်ကျဥ်းများအပေါ်တွင် ပုံချနေကြောင်း သိရှိရသည်။

ဆန္ဒပြမှုကြောင့် ရိုက်နှက်ကာ ထောင်မကြီးအဆောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် ၈၉ ယောက်အနက်မှ သည့် ပန်းချီဆရာ ကိုလှိုင်းညီကို ထောင်အာဏာပိုင်များနှင့် ခိုးဆိုးလုနှိုက်တန်းစီးများ ဝိုင်းဝန်းနှိပ်စက်ညှင်းပန်းမှုကြောင့် မေးရိုးကျိုးကာ ထောင်ဆေးရုံသို့ တင်ထားရကြောင်း၊ ကိုလှိုင်းညီနှင့် ခိုးဆိုးလုနှိုက်အကျဥ်းသားတစ်ဦး အဝတ်လှမ်းသည့် ကိစ္စဖြင့် စကားများရာမှ အခန်းသူကြီး(ခေါ်)တန်းစီးဆီ ရောက်သွားခဲ့ပြီး တန်းစီးက “ဒီမှာ ပြီးမလား၊ ရုံးခန်းသွားမလား”ဟု မေးမြန်းရာ ကိုလှိုင်းညီက ရုံးခန်းသွားမယ်ဟု ဖြေကြားခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် တန်းစီးလူမိုက်က သူ့ကို မလေးမစားလုပ်သည်ဟုဆိုကာ ခိုးဆိုးလူနှိုက်များနှင့် ပေါင်း၍ ကိုလှိုင်းညီကို ဝိုင်းဝန်းကန်ကျောက်ပြီး အခန်းပြောင်းလိုက်ကြောင်း၊ အခန်းပြောင်းခံလိုက်ရသည့် ကိုလှိုင်းညီက ခေါင်းမူးသည်ဟု ပြောနေ၍ အာဏာပိုင်များကို အကြောင်းကြားမှ အာဏာပိုင်များက ထောင်ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း၊ ကိုလှိုင်းညီမှာ လက်ရှိ ထောင်ဆေးရုံတွင် ကုသထားပြီး မေးရိုးကျိုးသွားသည်ဟု သိရကာ ပါးစပ်ကို နန်းကြိုးများဖြင့် တုပ်ထားရပြီး ထမင်းမစားနိုင်ဘဲ အရည်သာ သောက်လို့ရကြောင်းနှင့် အချိန်တစ်လခွဲခန့် အရည်သာ သောက်ရမည်ဖြစ်ကြောင်း သိရပါသည်။

အလားတူ ရမည်းသင်းအကျဉ်းထောင်တွင်လည်း ထောင်အာဏာပိုင်များမှ နိုင်ငံရေးအကျဉ်းသား/သူများကို ရည်ရွယ် ချက်ရှိရှိ ရိုက်နှက်ညှင်းပန်းခြင်းများ၊ ဥပဒေမဲ့ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း၊ ရမည်းသင်းအကျဉ်းထောင် (အမျိုးသား အကျဆောင် ၂) အဆောင်မှူး ဖြစ်သည့် ဗိုလ်လေး အောင်မျိုးဦးမှ ပြစ်ဒဏ်ကျခံရသည့် နိုင်ငံရေးအကျဉ်းသား၏ လက်မောင်းတွင် “ကမ္ဘာမကြေဘူး” စာသား တွေ့ရှိသည်ကို အကြောင်းပြု၍ ဥပဒေမဲ့ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၊ “ ၅၀၅ ပုဒ်မ မကလို့ ဘာကောင်ပဲ ဖြစ်ဖြစ် ကြိုက်တဲ့ နေရာမှာ ကြိုက်တဲ့အချိန် ရှင်းလို့ရတယ်” ဟု ပြောဆိုစိန်ခေါ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

ထို့ပြင် အောက်တိုဘာ ၁၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် အမျိုးသားအကျဆောင် ၁ ရှိ နိုင်ငံရေးအကျဉ်းသား နှစ်ဦးနှင့် ရဲစည်းကမ်းဖြင့် အရေးယူခံထားရသော အကျဉ်းသား တစ်ဦးတို့ စကားများကြပြီး လူမိုက်(တန်းစီး)က ခေါ်ယူဆုံးမပြီးချိန်တွင်မှ ဗိုလ်လေး အောင်မျိုးဦး ရောက်လာကာ အခန်းပြင်သို့ ထုတ်ကာ တရားမဲ့ ရိုက်နှက်ခြင်း၊ ကျင်စက်ဖြင့် တို့ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ကြောင်း၊ ခြေကျင်းနှင့် ဒေါက်ခတ်ခြင်း၊ အဆောင်ပြောင်းခြင်းနှင့် တိုက်ပိတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အကျဉ်းသားများထံမှလည်း အောင်မျိုးဦးက ပုံစံကြေး၊ သန့်ရှင်းရေးကြေး၊ ယင်ကောင်မဖမ်းနိုင်လျှင် ပေးရသည့်ကြေး၊ အခန်းကြေး၊ နေရာကြေး စသည့် တရားမဝင်ငွေကြေးများအတင်း အကျပ်ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အောင်မျိုးဦးက နိုင်ငံရေး အကျဉ်းသားများအပေါ်မတရားညှင်းပန်းနှိပ်စက်ခြင်း၊ ငွေကြေးကောက်ခံနေခြင်းများအတွက် ထောင်ပိုင်ကျော်သူ ကလည်း အားပေးအားမြှောက် ပြုလုပ်ခြင်း၊ ကိုယ်တိုင်ပါဝင် ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေကြေးကောက်ခံလာဘ်စားခြင်းတို့ ပါဝင် ပြုလုပ်နေပြီး “နိုင်ငံရေးအကျဉ်းသားအား မုန်းတီးသည်” မကြာခဏ ပြောဆိုကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- အင်းစိန်ထောင် ဂိတ်၀။
Photo- အီးပီအေ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article