26 C
Yangon

ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ပြည်သူများမှဦးဆောင်ပြီး အင်အားအများအပြားဖြင့် နယ်မြေ မငြိမ်မသက်ဖြစ်နေသည့်ကြားမှ ယနေ့(နိုဝင်ဘာ ၁)ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို “တော်လှန် တန်ဆောင်တိုင်ရောက်ပြီ ပြည်သူ့မဏ္ဍိုင် မယိုင်စေနဲ့ ၊ ကနီမြို့နယ်သပိတ်စစ်ကြောင်း”စာသားများကိုင်ဆောင်၍ လှည့်လည် ဆန္ဒပြခဲ့ကြသည်။

သပိတ်ဦးဆောင်သူများက စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြောခဲ့ကြပြီး ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခြင်း ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေး ကြော်၍ လှည့်လည် ဆန္ဒပြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article