28 C
Yangon

ကန့်ဘလူ၊ ရွှေဘို၊ မုံရွာနှင့် မင်းကင်းတို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ၊ ရွှေဘို၊ မုံရွာနှင့် မင်းကင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း‌ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပြောဆိုချက်အရ သိရှိရသည်။

ကန့်ဘလူတွင် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်အောက်တိုဘာလ ၃၁ ရက်နေ့ စစ်သားနှင့်ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ကန့်ဘလူမြို့နယ်‌ ချပ် သင်းရွာအနီး ပုဏ္ဏားငယ်ရွာမှ ပုဏ္ဏားကြီးရွာသို့ ဆက်ကြေးကောက်ရန် ထွက်ခွာလာသော စစ်သားနှင့် ပျူစောထီးများကို ဒေါင်းရာဇာ(UG)အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးအဖွဲ့ဝင် မောင်သိန်းနှင့် စစ်သား တပ်ကြပ် ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေဘိုတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်တွင် ရွှေဘိုမြို့နယ် ကော့ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ၊ ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လကရ(၈) မှ ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်တွင် ကင်းပုန်းဝပ်ရန် ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများ များအား ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

” ကော့ရွာက ပျူခွေး ၈ ကောင်သေတယ်။ လကရ ၈ ရဲခွေး အရာရှိ ၁ ဦးနဲ့ ရဲခွေး အငယ် ၁ ကောင်သေတယ်စုစုပေါင်း ၈ ဦးတယ်လို့ သတင်းရပါတယ်” ဟု နေလစင်္ကြာ_Shwebo PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၂)၊နေလစင်္ကြာ-Shwebo PDF၊ရွှေဘိုမြို့နယ် တိုက်နယ်ပကဖ(၆)၊ SBDF(1)၊ Ghost Rider Special Task Force(Burma)၊ သပြေညိုပျောက်ကြားအဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာတွင် အကျဉ်းထောင်သစ်နေရာ တိုက်ခိုက်ခံရမှု ရဲ ၅ ဦးသေဆုံး

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်ကျေးရွာအနီးရှိ အသစ်ဆောက်လုပ်နေသော အကျဥ်းထောင်ကို PDF တပ်ဖွဲ့များ တိုက်ခိုက် ရဲ ၅ ဦးသေဆုံးကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် မုံရွာမြို့ သာစည်ကျေးရွာ အနီးရှိ ရဲစခန်းနှင့် အသစ် တည်ဆောက်ထားသော အကျဥ်းထောင် အတွင်းသို့ ကာကွယ်ရေး တပ်ဖွဲ့များက မမ ဗုံးသီးများ၊ ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ONE STAR L-PDF၊Future Star L-PDF၊GOD OF SNAKE၊Thousand Of Silver Stars L-PDF၊စွန်ရဲပြောက်ကျားတပ်ဖွဲ့၊East Monywa L-PDF၊Black Rose-မြို့ပြ ပြောက်ကျားအဖွဲ့တို့နှင့် ကျေးရွာ ကာကွယ်ရေးအဖွဲ့တို့‌ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ONE-STAR-PDF အဖွဲ့က ထုတ်ပြန်ထားသည်။

မင်းကင်းတွင် စစ်တပ်စခန်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်သားနှင့် ပျူစောထီးများ တပ်စွဲထားသော စခန်း တစ်ခုကို PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့​ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကျောင်းသား တော်လှန်ရေး တပ်ဖွဲ့ (S.R.F)မှ တပ်ရင်း(၁)၊တပ်ရင်း(၄) တို့ ပူးပေါင်းကာ မင်းကင်းမြို့နယ် သေမသောက် (ပျူစောထီး) ရွာရှိ စစ်တပ် တပ်စခန်းအား ဝင်ရောက်စီးနင်း တိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲသည် မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကာ တိုက်ပွဲတွင်း Carbine M 2 သေနတ် ၃ လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှ PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article