26 C
Yangon

ကော့ကရိတ် လမ်းဟောင်းတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး KNLA ပူးပေါင်းတပ်မှ တစ်ဦး ကျဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား နိုဝင်ဘာလ ၁ ရက် ယနေ့ နေ့လယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကော့ကရိတ်-မြဝတီလမ်းဟောင်းဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရန်ကုတ်ကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စခ ဘက်က စစ်ကြောင်းတက်လာတာပါ၊ အင်အားက ၅၀ အထက် လို့ ခန့်မှန်းတယ်။ ကျနော်တို့ဘက်က ကျားဖြူစစ်ကြောင်း၊ lion battalion၊ Eagles နဲ့ Justice Soldier PDF တို့ပါတယ်။ နေ့လယ် ၁ နာရီ ၄၀ မှာ စဖြစ်တယ်၊ ညနေ ၅ နာရီလောက်မှာ လက်နက်ငယ်ပစ်တာ ငြိမ်သွားတယ်၊ လက်နက်ကြီးတော့ ပစ်နေတုန်းပဲ” ဟု KNLA ပူးပေါင်းတပ် ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် ကော့ကရိတ် အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲက ရင်ဆိုင်တိုက်ပွဲဆိုတော့ ပြင်းထန်တယ်၊ စခ ဘက်က လက်နက်ကြီး ပစ်ကူနဲ့ ပစ်မှတ် ရှာဖွေတာပေါ့။ ကျနော်တို့ဘက်က တစ်ဦး ကျတယ်၊ နှစ်ဦး ဒဏ်ရာရတယ်။ စစ်ခွေး အသေစာရင်းတော့ မသိရဘူး” ဟု KNLA ပူးပေါင်းတပ် ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောသည်။

ရန်ကုတ်ကျေးရွာသည် ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ်တွင် တည်ရှိပြီး ကော့ကရိတ်မြို့နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည်။

ဓါတ်ပုံ – ကော့ကရိတ်အခြေစိုက် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံအဟောင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article