26 C
Yangon

ထီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး အပါအဝင် ၅ သေဆုံးကြောင်း YDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် ထီးလင်းမြို့နယ် ကျားခဲကျေးရွာရှိ နေအိမ် ၁၆ လုံးခန့်ကို မီးရှို့ထားခဲ့သော အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ပါးမျဥ်းကျေးရွာ အတွင်းသို့ ၃ ဖွဲ့ခွဲကာ ဝင်ရောက်လာချိန် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဗျူဟာမှူး သခင်ဇော် ဦးဆောင်သော ယောကာကွယ်ရေးတပ်-YDF (ထီးလင်း) တပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်တပ်မှ တပ်ရင်းမှူး ဦးဆောင်သော ၉ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများတွင် တပ်ရင်းမှူး ၁ ဦးပါဝင်ခဲ့ပြီး သေနတ်ကျည် ခါးကိုထိမှန်ကာ ထီးလင်းမြို့သို့ ပြန်လည်ဆုတ်ခွာစဥ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

” အခုနောက်ဆုံးရတဲ့ သတင်းအရ နံနက်က YDF ရဲဘော်တွေိနဲ့ တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းက ထီးလင်းမြို့ပေါ်ထိ ပြန်ဆုတ်သွားတယ်။ တပ်ထဲမှာလဲ ရန်ဖြစ်နေတယ်လို့ သိရတယ်။ တိုက်ပွဲမှာ ခါးမှန်သွားတဲ့ တပ်ရင်းမှူးကာလည်း သေပြီလို့ထပ်သိရတယ်။ အခု ထီးလင်းမြို့ပေါ်မှာ သေနတ်တွေ ဆက်တိုက်ဖောက်ပြီး စစ်ခွေးတွေ သောင်းကျန်းနေတယ်” ဟု YDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article