26 C
Yangon

ထီးလင်း၊ ကျားခဲရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁

မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၄ လုံးပြာကျခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျားခဲကျေးရွာ၌ ညအိပ်တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၁၄ လုံးနှင့် နွားတဲတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားစဥ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် ‌ကျေးရွာနေ ပြည်သူများ အမြန်မီးငြိမ်းသတ် နိုင်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် တချို့ မီးလောင်ကျွမ်းခြင်း မရှိဘဲ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် ကျားခဲရွာနှင့် ပါးမျဉ်းရွာ အကြားတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီ မိနစ် ၄၀ ခန့်တွင် ပါးမျဥ်းရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ဝင် စီးနင်းခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အဆိုပါ စစ်တပ် စစ်ကြောင်း ညနေ ၅ နာရီခန့်၌ ထီးလင်းမြို့သို့ ပြန်ဆုတ်လာပြီး ညနေ ၆ နာရီ မိနစ် ၄၀ ခန့်တွင် ထီးလင်းမြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article