26 C
Yangon

မြိုင်တွင် PDF ရဲဘော် ၅ ဦးကို ပစ်ခတ် ဖမ်းဆီးပြီးမှ စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်မှု စစ်ရာဇဝတ်မှု ကျူး လွန်ခြင်းဖြစ်ပြီး လက်တုံ့ပြန်မည်ဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် PDF ရဲဘော် ၅ ဦးကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးပြီးမှ ရက်ရက်စက်စက် သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်၍ လက်တုံ့ပြန်မည်ဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြိုင်မြိုနယ် ဆိတ်သာရွာ တောင်ရိုးရွာ ဂွေးကုန်း ရွာ ကျောက်ခွက်ရေနံမြေစခန်း ပတ်ချာလည်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်က နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် အချိန် မြိုင်နယ်နှင့်ပေါက်နယ်ထိစပ်နယ်မြေ ဆေးပင်ကြီးရွာ နားသို့ ရောက်ရှိနေချိန် မြိုင်ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့မှ ရဲဘော် ၅ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ကားဖြင့်သွားသော ရဲဘော် ၇ ဦးအနက်မှ ရဲဘော် ၅ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ရဲဘော် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း၊ ဖမ်းဆီးခံခဲ့ရသော ရဲဘော် ၅ ဦးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ ကြောင်း၊ စစ်သုံ့ပန်းကို ရက်စက်စွာ သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး လက်တုံ့ပြန်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် လမ်းများတွင် သွားလာမှုများ သတိပြု ဆင်ခြင်ကြရန် ဗိုလ်လက်ျာက သတိပေးသည်။

“စကစ စစ်ကြောင်းက မနေ့ကတည်းက ရောက်နေတာ။ စစ်ကြောင်း ကင်းပုန်းဝပ်တာ လည်းဖြစ်နိုင်သလို မြေသားလမ်းကို ဖြတ်တဲ့အချိန်မှာ နောက်ကျကျန်တဲ့အဖွဲ့က တစ်ဖွဲ့ရှေ့ရောက်အဖွဲ့တွေဆီလာရင်းနဲ့ ကျနော့်အထင်တော့ စစ်တပ်က ကင်းပုန်းဝပ်တယ်တော့ မထင်ဘူး။ ဒီကောင်တွေ တောကြား တောင်ကြားကနေ တက်လာတဲ့အချိန်မှာ မြေသားလမ်းမှာ ကားကိုတွေ့လို့ ပစ်တာလို့ထင်တယ်။ ၇ ဦးပါတဲ့အထဲမှာ ဒရိုင်ဘာနဲ့ ရှေ့ခန်း ပါတဲ့ ၂ ယောက် က လွတ်မြောက်ပါတယ်။ လူငယ် ၅ ဦးကတော့ ကျသွားတယ်။ ကားနဲ့သွားရင်းနဲ့ စစ်ကြောင်းက တောက တက်လာတာနဲ့ ထိပ်တိုက်တွေ့တာ။ လုံခြုံရေးပေါ့ဆမှုလည်းပါတယ်။ ရှေ့အဖွဲ့ နောက်အဖွဲ့ ချိတ်ဆက်မှုအားနည်းတာပေါ့။ ရှေ့မှာလည်း ၃ ဖွဲ့ကလည်း ရောက်ပြီးပြီ။ လမ်းမှာ ကင်းထောက် မထားဘဲနဲ့ ဖြတ်ကူးတဲ့အချိန် စစ်ကြောင်းနဲ့တွေ့တာပေါ့။ကျနော်တို့ က ပျူတွေနဲ့ သူတို့လူတွေ လက်နက်မပါဘဲ မိခဲ့ရင် ဒီလွတ်ရာဒေသတွေကို လွတ်ငြိမ်းချမ်းသာအောင် ပို့ပါတယ်။ ကျနော်တို့ ရဲဘော်တွေကို ခြေထောက်တွေ လက်တွေ ပစ်ခတ်ပြီးမှ လည်ပင်းမှာ ကြိုးတွေနဲ့ ဆွဲပြီး သေနတ်ဒင်တွေနဲ့ ရိုက်သတ်ပစ်တယ်။ စစ်ရာဇဝတ်မှု ကျူးလွန်တာပေါ့။ ကိုယ်ညံ့လို့ ခံလိုက်ရတယ်လို့ သဘောထားတယ်။ ကျနော်တို့က ပြန်ပြီး တုံ့ပြန်သွားမှာပါ” ဟု ဗိုလ်လက်ျာက ပြောဆိုသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းများခွဲ၍ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို နှိပ်စက် ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်း၊ အဖိုးတန်ပစ္စည်းများကို လုယက်ခြင်းအပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article