26 C
Yangon

မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်နေအိမ် အနီးကပ် လုံခြုံရေး ယူထားသည့် အင်းလျားလမ်း စစ်တပ်ဂိတ် ပစ် ခတ်ခံရ၊ ည ၈ နာရီမှစတင်၍ အင်းလျားလမ်း ဖြတ်သန်းခွင့် စတင်ပိတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

အကြမ်းဖက် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်နေအိမ်များ တည်ရှိရာ အင်းလျားလမ်း လုံ ခြုံရေးယူထား သည့် စစ်တပ်ဂိတ်ကို အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းတွင် ပစ်ခတ်ခံရသဖြင့် ညပိုင်း အင်းလျားလမ်းဘက်သို့ ကားဖြတ် သန်းခွင့် စတင်ပိတ်ပင်လိုက်ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန် ရန်ကုန်မြို့ အင်းလျားလမ်းနှင့်ဇော်ဂျီလမ်းထောင့်ရှိစစ်တပ် လုံခြုံရေးဂိတ်ကို အမည်မသိ သေနတ်သမားများက ကားဖြင့် ပစ်ခတ်သွားကြောင်း၊ စစ်တပ်ဘက်ကလည်း ကားကို ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိကြောင်း သိရှိရသည်။

“ပစ်ခတ်ခံရတဲ့ စစ်တပ်ဂိတ်က တပ်ချုပ်(မင်းအောင်လှိုင်) အိမ်နဲ့ရော ဒုချုပ်(စိုးဝင်း)အိမ် လုံခြုံရေး မိန်းဂိတ်ပါ။ အင်းလျားလမ်း ဟိုဘက်ထိပ် ဒီဘက်ထိပ် လုံခြုံရေးဂိတ်တွေပဲ။ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ည ၈ နာရီဆို အင်းလျားလမ်း ပိတ်ဖို့ ညွှန်ကြားချက် ထွက်တယ်။ Sakura Residence နားလောက်ကနေ စပိတ်တယ်။ လူကြီးတွေရန်ကုန်ရောက် လာရင်တော့ လုံး၀ ကား၊ လူ ပေးမဖြတ်တာမျိုးလုပ်ဖို့ လည်းရှိတယ်လို့ သိရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်နှင့်စိုးဝင်းအိမ်များ တည်ရှိနေသည့်အတွက် အင်းလျားလမ်းနှင့် ပြည်လမ်း တစ် လျှောက်တွင် လုံခြုံ ရေးနှင့် ကင်းပုန်းများ ချထားသော်လည်း အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်း ပစ်ခတ်သွားသည့် ကားကို ဖမ်းမိခြင်းမရှိခဲ့မှုအပေါ် လုံခြုံရေးပေါ့လျော့မှုဖြင့် စစ်တပ်နှင့်ရဲအရာရှိတာဝန်ရှိသူတချို့ စစ်ဆေးခံနေရကြောင်း လည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article