25 C
Yangon

ပြည်ကြီးတံခွန်ရှိ ခရစ်ယာန် မိဘမဲ့ကလေးကျောင်းကို စစ်တပ်က PDFနှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး ညတွင်းချင်း ချိတ်ပိတ်၊ ကလေးငယ်များ အိပ်စရာမရှိဘဲ ဒုက္ခရောက်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ခရစ်ယာန် မိဘမဲ့ကျောင်းကို အကြမ်းဖက် စစ်တပ်က PDFနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ယခုညတွင်းချင်း ချိတ်ပိတ်ခဲ့သဖြင့် မိဘမဲ့ကလေးများ အိပ်စရာမရှိဘဲ လမ်းပေါ်တွင် ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စ လုံးရပ်ကွက်၊ တတ ၅၂ အကွက်ရှိ ခရစ်ယာန် မိဘမဲ့ကျောင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ ည ၆ နာရီခန့်တွင် PDF နှင့် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် လာရောက်ချိတ်ပိတ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် မိဘမဲ့​ကျောင်းတွင် နေထိုင်သည့် ကလေးငယ်များသည် အိပ်စရာနေရာမရှိဘဲ မှီခိုရာ မရှိတော့သည့်အတွက် ဒုက္ခရောက်နေကြောင်း သိရသည်။

” ခရစ်ယာန် မိဘမဲ့ကျောင်းကို စစ်ခွေး၊ ရဲခွေးတွေ အင်အား အလုံးအရင်းနဲ့ ညတွင်းချင်း စီးနင်းပြီး တိုက်ပေါ်ကနေ ကလေးငယ်များကို ဆွဲခေါ် ပစ္စည်းတွေ သယ်ခိုင်းပြီး မောင်းထုတ်နေတယ်။ ဘာအပြစ်မှ မရှိတဲ့ ကလေးတွေကို ရက် ရက်စက်စက် လုပ်နေတာ မိဘမဲ့ ကလေးလေးတွေလည်း ခုဘယ်မှာ နေရမှာလဲ မသိတော့ဘူး။ ကလေးတွေကို မညာမတာ ခိုင်းပြီး အိမ်ပေါ်က ဆင်းခိုင်းနေတာ ညပိုင်း ဘယ်သွားအိပ်ရတော့မှာလဲ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ချိတ်ပိတ်ထားသော မိဘမဲ့ကျောင်း အနီးအနားတွင် အရပ်ဝတ်များဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article