26 C
Yangon

ရွှေဘို၊ မုံရွာ ၊ သာယာဝတီ၊ မြ၀တီတို့တွင် တိုက်ပွဲများနှင့် ပစ်ခတ်မှုများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘို၊ မုံရွာ၊ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်နှင့်ကရင်ပြည်နယ်၊ မြ၀တီ မြို့နယ်တို့တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခြင်းနှင့် ပစ်ခတ်ခြင်းများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း ဒေသခံကာ ကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရွှေဘိုတွင် စစ်ကြောင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံးကြောင်း Shwebo PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီ ၁၄ မိနစ်တွင် ရွှေဘိုမြို့နယ် ကော့ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄၀ မမ၊ ၆၀ မမ များဖြင့် ၁ နာရီကျော်ကြာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နေလစင်္ကြာ-Shwebo PDF၊ Ghost Rider Special Task Force (Burma)၊ Burma Ranger၊ မဟူရာကျွဲရိုင်း၊ မဟူရာမြင်းရိုင်း၊ 91 အဖွဲ့များက ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာယာဝတီတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် ပိုက်တင် ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ် ကိုးပင်ရိုးရွာမှ ပြန်လာစဥ် ဇိမ်ဇာနှင့် စမ်းတွင်းရွာ အကြား၌ နန်းထိုက်အောင် စစ် ဆင်ရေးအဖြစ် သာယာဝတီဂဠုန်တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့​ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ပိုက်တင်သည် သာယာဝတီမြို့နယ်အတွင်း တပ်ထောက်ခံပွဲများကို ဦးဆောင် ဆောင်ရွာနေသူ၊ ပျူစောထီးခေါင်းဆောင်၊ ကြံ့ဖွတ်လွှတ်တော်အမတ်ဟောင်း မောင်မောင်၏ တပည့်ရင်းဖြစ်ကြောင်း သာယာဝတီ ဂဠုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“သူက ပွဲချင်းပြီး ဆုံးတယ်။ စစ်မှုထမ်းဟောင်း။ ရင်ခွဲရုံမှာ အလောင်းကို ရင်ခွဲပြီးတော့ အခု အိမ်ပြန်ပို့လိုက်ပြီ” ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြ၀တီတွင် စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် နယ်မြေကျူးကျော်လာသော စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂ ရက်နေ့ တွင် ရွှေညောင်ပင် နယ်မြေမှ ကျူးကျော်ရန် ကြိုးစားသည့် အကြမ်းဖက်တပ် တပ်မ ၄၄ လက် အောက်ခံ နည်းဗျူဟာ ၄၄၁ ၏ တိုက် ခိုက်ရေးတပ်ရင်း ခလရ ၂၀၇ စစ်ကြောင်းကို KNLA တပ်ရင်း (၂၇) ကော်ဘရာ ပူး‌ပေါင်းစစ်ကြောင်းမှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦး သေဆုံးကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ် ပြန်ထားသည်။

မုံရွာတွင် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အဝင် စက်မှုဇုန် လမ်းခွဲအနီးတွင် သံချပ်ကာ စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် မိုင်းရှင်းပြီး မုံရွာမြို့သို့ ပြန် လာသည် သံချပ်ကာ စစ်ကား ၃ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၅ လုံးနှင့် နှစ်ဖက်ညှပ်၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း စစ်ကားများကို တိုက်ရိုက် ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း၊ အကြမ်း ဖက် စစ်တပ်ဘက်မှလည်း ၄၀ မမများ၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပြန်လည် ပစ်ခတ် ခဲ့​သော်လည်းကြောင့် လမ်းသွားလမ်းလာ ပြည်သူတချို့ ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Red Eagle – People’s Defense Force၊ Spring Dove (ပြည့်သူကာကွယ်ရေးတပ်ဖွဲ့)၊ Golden Eagle Force-Monywa-V2၊ Farmer Revolution Force(FRF UG တပ်ရင်း၉)၊ Black Dragon Special Task Force တို့မှ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဘိုတွင် စစ်တပ် Jammer ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ မိုင်းရှင်းလင်းရန် ထွက်ခွာလာသော စစ်တပ် Jammer ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၉ မိနစ်တွင် မုံရွာမြို့မှ မိုင်းရှင်းလင်းရန် ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ Jammer ကား ၃ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Area 71 PDF Moywa အဖွဲ့၊ farmers revolution force CHUနှင့် Monywa Special ဒိတ်ဒိတ်ကြဲ အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Area 71 PDF Moywa အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article