26 C
Yangon

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄ ခု၊ မကွေးမြို့၊ လားရှိုးမြို့တော်ခန်းမနှင့် ကျောက်တံခါးမြို့နယ်တို့တွင် ဗုံးများ ပေါက်ကွဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

ရန်ကုန်တိုင်းအတွင်းရှိ သာကေတ၊ တာမွေ ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တို့တွင် ဗုံးပေါက်ကွဲသံများကြားရကြောင်း ရန်ကုန်မြို့ခံများနှင့် လူငယ်ကင်းထောက်အဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်မှ ည ၉ နာရီဝန်းကျင်အထိ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခြင်းဖြစ် သည်ဟု ဒေသခံများက ဆိုကြသည်။

“လူထိခိုက်မှုရှိတယ်လို့တော့မကြားဘူး။ အသံဗုံးပေါက်တာလို့ပြောတယ်။ ရဲတွေ စစ်ခွေးတွေ လာတာမျိုးလည်း မကြားမိဘူး။ သာကေတရော ဒေါပုံရောပေါက် ကွဲသံကြားလိုက်ရတယ်။ နေရာအတိအကျလည်းမသိဘူး” ဟု သာကေတမြို့ခံတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တစ်နေရာတွင်လည်း ယနေ့ ည ၉ နာရီ ဗုံးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မကွေးတိုင်း၊ မကွေးမြို့ပေါ်တွင်လည်း ယနေ့ ည ၉ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ဗုံး ၂ လုံးဆင့် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဗုံးပေါက်တာက မကွေးမြို့ပေါ် တောင်တွင်းလမ်းနဲ့ အဝေရာလမ်းဆုံက စစ်ခွေးဂိတ်မှာ ပေါက်တာ။ နောက်တစ်နေရာမှာ ဗုံးထပ်ပေါက်တာက စစ်ခွေးတွေစောင့်နေတဲ့ အထက ၄ ကျောင်းရှေ့ အထက ၁ လမ်းပေါ်ကဂိတ်မှာပေါက်တာ။ ဗုံးက နှစ်နေရာ ၂ လုံးပေါက်တာ။ အရမ်းပြင်းတယ်။ စစ်သားတွေ ထိ ခိုက် သေဆုံးတာတွေရှိနိုင်ပါတယ်။ ဗုံးက ပြင်းတော့လေ” ဟု မကွေးဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ လာရှိးမြိုတော်ခန်းမတွင်လည်း နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် တော်လှန်ရေးအင်အားစုများက လက် ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ရာ စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဗုံးပေါက်ကွဲမှုကို ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (N.S.S.A.A)က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်နှင့် N.S.S.A.A ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း ကားများကို စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

Photo- အီးပီအေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article