26 C
Yangon

Application ဖြင့် အဖွဲ့ဝင်ခေါ်ယူ ငွေထည့်ခိုင်း၍ အကျိုးအမြတ်ပေးနေသော Koala က အဖွဲ့ဝင် တစ်သောင်းကျော်လာပြီး ငွေကျပ်သိန်းသောင်းချီ လည်ပတ်ချိန် ငွေထုတ်မရဘဲ အဆက်အသွယ် ပြတ်တောက်

Must read

ရန်ကုန် ၊ နိုဝင်ဘာ ၃

ပြည်တွင်းတွင် လူမှုကွန်ရက်မှတစ်ဆင့် Koala Application ဖြင့် အဖွဲ့ဝင်ခေါ်ယူ ငွေထည့်ခိုင်းပြီး အကျိုးအမြတ်ပေးနေရာမှ အဖွဲ့ဝင် တစ်သောင်းကျော်လာချိန်တွင် ငွေများ ထုတ်မရတော့ဘဲ Koala တာဝန်ရှိသူများကို ဆက်သွယ်မရတော့ သဖြင့် အလိမ်ခံရသည့်အခြေအနေရောက်ရှိနေကြောင်း Koala တွင် အဖွဲ့ဝင်ထားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဖွဲ့ဝင်များကို ဆင့်ပွားခေါ်ယူ ငွေထည့်ခိုင်းပြီး အကျိုးအမြတ်ပြန်ပေးသည့် Koala Application သည် အောက် တိုဘာ ၁၈ရက်နေ့မှ စ၍ ဝန်ထမ်းမလုံလောက်ဟု အဖွဲ့ဝင်များကို အကြောင်းကြားကာ နိုဝင်ဘာ ၂ ရက်နေ့ ငွေထုတ်ပေးမည်ဟု ကြေညာခဲ့ကြောင်း၊ ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့တွင်လည်း ငွေထုတ်မပေးဘဲ အဆက်အသွယ်မရ ဖြစ်နေကြောင်း Koalaအဖွဲ့ဝင်ထားသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“အကုန်လိမ်သွားတာပါ။ တော်တော်တော့များတယ်။ ၁၀ လပိုင်း ၈ ရက်နေ့ကမှ စပြီး ဝင်တာပါ။ ကျွန်မက ၇ သိန်း၊ သိန်း၉၀ ၊ ၁၀၀ အထိ ပါကြတယ်။ ငွေမထုတ်ရဘူးဆိုပြီး နားသွားတယ်။ နိုဝင်ဘာ ၂ ရက်‌နေ့ ပြန်စမယ် ပြောတယ် ။ အခု ၇ ရက် ထပ်စောင့်ဖို့ ပြောတယ်။ သူတို့ကို ဆက်သွယ်လို့ မရပါဘူး။ သူက ရှေ့မှာ ဖြစ်သွားတဲ့ Joom လို ဖြစ်နေပြီ” ဟု Koala ငွေကြေးထုတ်မရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

Koala Application ဖြင့် ငွေလိမ်လည်ပုံစံသည် Joom ကဲ့သို့ ပင် အဖွဲ့ဝင်များ စုဆောင်း ငွေကြေးထည့်ဝင်ရပြီး အဖွဲ့ဝင်အသစ်ရှာနိုင်လျှင် အဆင့်တက် အကျိုးအမြတ်ပေသည့် စနစ်ဖြင့်ပင် ငွေကြေးများ စည်းရုံး လိမ်လည်သွားခြင်းဟု ဆိုကြသည်။

“အဲဒီ လိမ်တဲ့လူတွေ့ တရုတ်အခြေစိုက်တွေလို့လည်း ပြောတယ်။ အခုက သူတို့ပေးတဲ့ ဖုန်းနံပါတ်ဆက်လိုက်ရင် ဘာမှတောင် မပြောရသေးဘူး။ ဖုန်းကျပျောက်တာ၊ ကောက်ရထားတယ်တွေပဲ ပြောနေတယ်။ koala က ငွေတစ်သောင်းကနေ စပြီး Level အလိုက် ပိုထည့်ရင် ပိုရမယ်ဆိုတာမျိုး။ ငွေထုတ်တာကို ၁ ရက်ကနေ ၇ ရက်အတွင်း Free လုပ်ပေးမယ် ဆွယ်ပြီး ထုတ်မပေးတော့တာ။ သူတို့ ဝန်ထမ်းမလုံလောက်လို့ဆိုပြီး အကြာင်းပြချက်နဲ့ Training ပေးနေတယ်ပြောတယ်။ ခုကျတော့ Internet error , Software error တွေကြောင့် ၇ ရက်ထပ်ကြာမယ် ပြောပြန်တယ်” ဟု Koala မန်ဘာ ဝင်ထားသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

Koala သည် နာမည်ကျော် အွန်လိုင်းကုမ္ပဏီကြီးဖြစ်သည့် Alibaba လက်အောက်မှ e-commerce ကုမ္ပဏီဟု အဖွဲ့ဝင်များကို လိမ်လည် ဆွဲဆောင်ခဲ့ပြီး လက်ရှိတွင် ဆက်သွယ်မရတော့သဖြင့် ငွေအလိမ်ခံရသည်မှာ သေချာနေသည်ဟု အဖွဲ့ဝင်များက ဆိုကြသည်။

Koala အဖွဲ့မှ လိမ်လည်သည့် ဘဏ်စာရင်းနှင့် K-Pay နံပါတ်များမှာ လားရှိုးမြို့ နာမည်ပေါက် ဖုန်းနံပါတ်များဖြစ်ပြီး မရှော်ဆန်၊ K Pay-MA SHAW HSAN 09 458183364၊ KBZ Banking Account- 008511006020 40001၊ MA LU KWAL MAE ၊ KBZ Banking Account – 00830100804215201 ၊ KPay-09 899701898 တို့ဖြစ်ပြီး ယင်း K-Pay နှင့်ဘဏ်အကောင့်များကို ငွေထည့်ခိုင်းခြင်းဖြစ်သည်ဟု သိရှိရသည်။

လတ်တလောတွင် ထိုင်းနိုင်ငံရောက် မြန်မာများကို အဓိက ပစ်မှတ်ထားနေသည့် Droprich အမည်ရ ဆော့ဖ်ဝဲလ်တစ်ခုလည်းပေါ်ထွက်နေပြီး ထိုင်းရောက် မြန်မာများကို မက်လုံးပေး လူခေါ် ငွေထည့်ခိုင်းနေကြောင်း၊ အကျိုး အမြတ် အနည်းငယ်ပေး၍ အခြားအခြေခံလုပ်သား မြန်မာများကို အဖွဲ့ဝင်အဖြစ် စု​ဆောင်းစည်းရုံး ငွေကြေးထည့်ဝင်ခိုင်းနေကြောင်း သိရှိရသည်။

Droprich Application သည် လက်ရှိ ပြည်တွင်းတွင် ပြည်သူများ အလိမ်ခံလိုက်ရသည့် Koala နှင့် Joom တို့ကဲ့သို့ပင်ဖြစ်ကြောင်း ၊ နေ့စဉ်ငွေ ရရှိသည်ဟုဆိုကာ ထိုင်းရောက် မြန်မာများကို စုဆောင်းငွေထည့်ခိုင်းပြီး စည်ရုံးနေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article