25 C
Yangon

နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားသည့်ကြားမှ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ အင်းဝဘဏ်နဲ့ နိုင်ငံတကာဘဏ် ၃ ခု ငွေပေေးငွေယူနှင့် ငွေလွှဲပေးပို့မှုများရှိနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)လက်အောက်က အင်းဝဘဏ်နဲ့ နိုင်ငံတကာဘဏ် ၃ ခုဖြစ်တဲ့ ANZ ၊ UOB နဲ့ BIDV ဘဏ်တို့အကြား မြန်မာကျပ်ငွေနဲ့ ငွေလွှဲပေးပို့မှုတွေရှိနေတယ်လို့ Distributed Denial of Secrets (DDoS) က ထုတ်ပြန်လိုက်တဲ့ အင်းဝဘဏ်မှတ်တမ်းဖိုင်တွေအရ သိရှိရပါတယ်။

အဲ့ဒီဘဏ်တွေအကြား ငွေလွှဲခဲ့တဲ့ ငွေလွှဲမှတ်တမ်းပေါင်း ၂၀,၀၀၀ နီးပါး ကို အင်ဝဘဏ် မှတ်တမ်းဖိုင်တွေမှာ ပြသထားတယ်လို့ ဆိုပါတယ်။

ဒါဟာ အင်းဝဘဏ်ရဲ့ မိခင်ကုမ္ပဏီ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)ကို အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ အီးယူတို့က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက်ပိုင်း အရေးပါတဲ့ နိုင်ငံတကာဘဏ်တွေက အင်းဝဘဏ်နဲ့ ငွေလွှဲပေးပို့မှုတွေ ဆက်လုပ်ခဲ့နေခဲ့တာကို အဲ့ဒီမှတ်တမ်းတွေက ဖော်ပြနေတာလို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice For Myanmarက ဆိုပါတယ်။

ANZ ဘဏ်က ဩစတြေးလျနိုင်ငံ အခြေစိုက်ဖြစ်ပြီး၊ UOB ဘဏ်က စင်ကာပူနိုင်ငံ အခြေစိုက်သလို ဩစတြေးလျနဲ့ စင်ကာပူနှစ်နိုင်ငံလုံးက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ဖို့ ငြင်းဆိုထားပြီး အဲ့ဒီဘဏ်တွေကို အင်းဝဘဏ်နဲ့ မြန်မာကျပ်ငွေနဲ့ ငွေလွှဲပေးပို့မှုတွေလုပ်ဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

BIDV ဘဏ်က ဗီယက်နမ်အခြေစိုက်ဘဏ်တစ်ခုဖြစ်ပြီး အဆိုပါဘဏ်ဟာလည်း မြန်မာစစ်တပ်ပိုင် အင်းဝဘဏ်နဲ့ ငွေလွှဲတာတွေ လုပ်ဆောင်နေကြောင်း ထွက်ပေါ်လာတဲ့ အင်းဝဘဏ်မှတ်တမ်းတွေက ဆိုပါတယ်။

အင်းဝဘဏ်ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေ ထိန်းချုပ်ထားတဲ့ ဘဏ်နှစ်ခုထဲက တစ်ခုဖြစ်ပြီး၊ စစ်တပ်လစာတွေပေးဖို့နဲ့ စစ်တပ်စီးပွားရေးကွန်ရက်တွေ ပံ့ပိုးကူညီပေးဖို့အတွက် အသုံးပြုတာ ဖြစ်ပါတယ်။

အင်းဝဘဏ်မှတ်တမ်းဖိုင်တွေမှာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာတာဝန် ရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့အကြား ငွေလွှဲထားတာတွေကို ဖော်ပြနေပြီး၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ မြန်မာစစ်တပ်တို့အကြား အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်လုပ်ကိုင်မှု အထောက်အထားကိုလည်း ဖော်ပြထားတယ်လို့ JFMကဆိုပါတယ်။

အင်းဝဘဏ်မှတ်တမ်းတွေမှာ မြန်မာဘဏ်တစ်ခုဖြစ်တဲ့ ရိုးမဘဏ်နဲ့ အကြိမ် ၂၀၀ ကျော် ငွေလွှဲထားတာလည်း ပါဝင်နေပါတယ်။ နော်ဝေဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်တဲ့ Norfund၊ စင်ကာပူနိုင်ငံပိုင် ဓနရံပုံငွေနဲ့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) တို့ဟာ ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ကြပါတယ်။

“မြန်မာနိုင်ငံအတွင်းက ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ အင်းဝဘဏ်နဲ့ တခြားသော မြန်မာစစ်တပ် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်နွှယ်မှုတွေကို ချက်ချင်းဖြတ်တောက်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်လို့ Justice For Myanmar အဖွဲ့က မရတနာမောင်က ဆိုပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အင်းဝဘဏ်အပါအဝင် မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြဌာန်းဖို့၊ စစ်ကောင်စီဆီ လက်နက်စီးဝင်မှုရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်း ချမှုပိတ်ပင်ရေးတစ်ရပ် ပြဌာန်းဖို့ကို တောင်းဆိုတယ်”လို့ သူမကဆက်ပြောပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ စစ်ကောင်စီလေယာဉ်တွေက ကချင် ပြည် နယ် အတွင်း ဖျော်ဖြေပွဲတစ်ခုကို တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်း တစ်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ပစ်ခတ်မှုကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးနဲ့ အုပ်ထိန်းသူ ကျောင်းဆရာတစ်ဦး သေဆုံးခဲ့ရတယ်။

အခုလိုရာဇဝတ်မှုတွေကို စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေက အားပေးကူညီနေတာလို့လည်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice For Myanmarက ထုတ်ပြန်ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article