25 C
Yangon

မင်းအောင်လှိုင် စီးပွားဖက် မူးယစ်ရာဇာ လက်နက်ပွဲစား ထွန်းမင်းလတ် ပိုင်ဆိုင်သော ငွေကြေး၊ အပန်းဖြေစခန်း၊ ဟိုတယ်၊ ကား အပါအဝင် ပိုင်ဆိုင်မှု တန်ဖိုး ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခြင်းခံထားရသော မူးယစ်ရာဇာ ထွန်းမင်းလတ် ပိုင်ဆိုင်သည့် ငွေကြေး၊ ဟိုတယ်၊ ကားအပါအဝင် ပိုင်ဆိုင်မှု စုစုပေါင်း ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ကြောင်း ထိုင်းအာဏာပိုင်များက တရားဝင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလအတွင်းတွင် ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တော် တွင် ယခင် အပတ်က ဖမ်းဆီးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးအမှု၊ ငွေမည်းခဝါ ချမှုများဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းနောက် ထွန်းမင်းလတ်ပိုင်ဆိုင်သော အပန်းဖြေစခန်း၊ ဟိုတယ်၊ ကား၊ အဖိုးတန်ပစ္စည်းများ၊ အိမ် ၊ ငွေကြေး များအပါအဝင် ပိုင်ဆိုင်မှု တန်ဖိုး ထိုင်းဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းတရားရေးဝန်ကြီးဌာန၏ အဆိုအရ ထွန်းမင်းလတ်သည် အမှု နှစ်ခုရှိနေပြီး အမှု တစ်ခုမှာ ၂၀၁၉ ခုနှစ်ကတည်းက ထိုင်းအာဏာပိုင်များက စုံစမ်းထောက်လှမ်းနေခြင်းဖြစ်သည်ဟု သိရှိရသည်။ ထွန်းမင်းလတ်နှင့် ဆက်စပ်နေသော ထိုင်းနိုင်ငံသား ၂ ဦးကို လည်း ဖမ်းဆီးရန် ရှာဖွေလျက်ရှိပြီး ဖမ်း၀ရမ်းထုတ်ထားကြောင်း သိရှိရသည်။

ထွန်းမင်းလတ်သည် မင်းအောင်လှိုင်နှင့် သတ္တုတွင်း၊ ဟိုတယ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်းများတွင် ပတ် သက်ဆက်နွယ် စီးပွားရေးလုပ်နေသူလည်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဘန်ကောက် လက်နက်ပြပွဲသို့ မင်းအောင်လှိုင်နှင့်အတူ တက်ရောက်ခဲ့သူလည်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကျင်းပသော လက်နက်ပြပွဲကို မင်းအောင်လှိုင်နှင့်အတူ ထွန်းမင်းလတ် တက်ရောက်ခဲ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article