25 C
Yangon

ဗန်းမော်၊ မိတ္တီလာ၊ ငပုတောတို့တွင် စစ်တပ်က လူငယ်များကို ပေါ်တာစွဲခြင်း၊ ဖမ်းဆီးခြင်များ လုပ်ဆောင်ပြီး ပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံထားရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရောဗက် စစ်ရှောင်စခန်းမှ လူငယ် ၈ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ည ၈ နာရီခန့်က ဗန်းမော်မြို့နယ် ရောဗက်စခန်းမှ လူငယ် ၈ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။

“မနေ့ညက ဗန်းမော်ဘက်က စစ်‌ဘေး ရှောင်စခန်း ရောဗက် စခန်းကို ည ၈ နာရီမှာ စစ်တပ်က လာရောက်ပြီး ယောက်ကျားလေး ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ အခုချိန်ထိ ဘာသတင်းမှ မကြားရတော့ဘူး။ ဆွေမျိုး မိတ်ဆွေတွေက အရမ်းစိတ်ပူနေကြတယ်။ အဲဒီဘက်တွေမှာ အရမ်းဆိုးနေပြီ အချိန်မတော်ကြိုက်သလိုမွှေနှောက်နေကြပြီ” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ စပါးကြီးရွာသား ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

နိုင်ဝင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ငပုတောမြို့နယ်၏ မြို့နယ်ခွဲဖြစ်သော ငရုပ်ကောင်း မြို့နယ် စပါးကြီးရွာသား ဦးဝင်းနိုင်၊ ဦးတင်ဝင်းနှင့် ဦးသကျောင်တို့ ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာများ အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့်၌ မိတ္ထီလာမြို့နယ် ကက္ကိုကုန်းန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဒေသခံ ပြည်သူ ၇ ဦးဖြစ်သည့် ကိုလွင်၊ ကိုစိုးလွင်လွင်၊ ကိုအောင်ဇေယျ၊ ကိုအောင်ထူး၊ ကိုနေဇော်အောင်နှင့် ကိုမောင်ခိုင်တို့ကို အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးပေါ်တာသွားကြောင်း သိရသည်။

ကက္ကိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပျော်ဘွယ်မြို့နယ် ပင်မြိုင်မြို့နယ်တွင် နေထိုင်သော ကိုသောင်း ဆိုသူဖြစ်ပြီး ကက္ကိုကျေးရွာမှ ကလေး ၆ ဦး မိခင် မဆန်းညွှန့်ကို လက်ထပ်ကာ ကက္ကိုကုန်းရွာတွင် အုပ်ချုပ်ရေးမှူး နေခြင်း ဖြစိကြောင်း၊ ရွာအတွင်၌ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ဘုရားပွဲများတွင် လောင်းကစားများ လုပ်ခွင့်ပေးပြီး အုပ်ချုပ်ရေး၊ အဆိုပါ အုပ်ချုပ်ရေးမှူးတွင် သားအရင်း တစ်ယောက်ရှိပြီး DSA ကျောင်းဆင်းစစ်ဗိုလ်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးသည် အကြမ်းဖက် စစ်တပ်ထံသို့ သတင်းနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

” အုပ်ကြီးက ညဆို အခုနေနေတဲ့ ကက္ကိုရွာမှာ ညမအိပ်ရဲဘူး။ သူ့ရွာဖြစ်တဲ့ ပင်မြိုင်မှာ ပြန်အိပ်တယ်။ အုပ်ကြီးမှာ အပေါင်းအပါ ၃ ဦးရှိတယ်။ ကိုစိုးနိုင်၊ မောင်ဝင်းနဲ့ အုံးမောင် ဆိုတဲ့သူတွေ သူတို့တွေလည်း ဘောမတွေပဲ။ စိုးနိုင်ဆိုတဲ့ သူက သူ့တူအရင်းကို စစ်ခွေးတွေ လက်ထဲ ထိုးအပ်တာ စိုးနိုင်ရဲ့တူက ဘုန်း ကြီး၊ ဘုန်ကြီးကိုတောင် ဖမ်းခိုင်းတာ မနှစ်က။ အဲဒီဘုန်ကြီးဖမ်းခံရတာ သူ့ကျောင်းဘေးနားမှာရှိတဲ့ Mytel တာဝါတိုင် ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ ဘုန်းကြီးကို စစ်ခွေးတွေ ဖမ်းသွားတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင်လည်း အကြမ်းဖက် စစ်တပ်က မိတ္တီလာမြို့နယ်၊ ကန်တောင်ရွာဘက်ကို ဝင်ရောက် စီးနင်းပြီး ဒေသခံ ပြည်သူများကို ဖမ်းဆီးမှုများ ထပ်မံ လုပ်ဆောင်နေကြောင်း၊ ဖမ်းခံရသည့် အရေ အတွက်နှင့် လက်ရှိ အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်နှင့်ရဲများက ပြည်သူများကို ရိုက်နှက်ဖမ်းဆီးနေစဉ်။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article