25 C
Yangon

မုံရွာ၊ နဂါးတွင်းရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဂါးတွင်းရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် တောပုရွာမှ ခြေလျင်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ စစ်ကြောင်းသည် လက်ရှိချိန်ထိ ကျေးရွာအတွင်း၌ ရှိနေကြောင်း သိရသည်။

” ရွာပြင်ကပဲ အခြေအနေစောင့်ကြည့်နိုင်သေးတယ်။ ရွာထဲမှာ ခွေးတွေက ရှိနေသေးတော့ အနားကပ်လို့မရဘူး။ တောပု ကနေ ခြေလျင်လာတဲ့ စစ်ခွေးတွေ မီးရှို့နေတာ မီးများတယ်။ မီးခိုးတွေ မြင်နေရတာ အများကြီးပဲ ပြည်သူတွေ ပိတ်မိနေလား။ ထိခိုက်မှုရှိလားလည်း အတည်မပြုနိုင်သေးဘူး” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article