25 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၃ နှစ် ကလေးငယ် သေဆုံးပြီး အသက် ၇ နှစ် ကလေး၊ သက်ကြီးရွယ်အို ၂ ဦး ဒဏ်ရာရ၊ ပြည်သူ ၁၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၃ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး အသက် ၇ နှစ် အရွယ်ကလေး၊ သက်ကြီးရွယ်အို ၂ ဦး ဒဏ်ရာရရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကန့်ဘလူမြို့နယ်၊ကိုးတောင် ဘို့ရွာတွင် တပ်စွဲထားသော စစ်တပ် စစ်ကြောင်းက လက်နက်ကြီးများဖြင့် အနီးအနားကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်ရာ ဇီးကနားကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး အသက် ၇ နှစ် အရွယ်ကလေး၊ သက်ကြီးရွယ်အို ၂ ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိကြောင်း၊ နေအိမ်တစ်လုံးလည်း မီးလောင်ကျွမ်းသွားကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ခွေးတွေရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဇီးကနား ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးယောင်္ကျားလေးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး အသက် ၆၈ နှစ်အရွယ် အဘွားအိုရဲ့ ဗိုက်မှာ အပြင်း အထန်ဒဏ်ရာရပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်။ နောက်ပြီး အသက် ၆၇ နှစ်အရွယ်အဘွားရဲ့ လက်မှာလည်း ကျည်ထိပါတယ်။ အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်လေးလည်း ထိခိုက်ဒဏ်ရာရပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာသား ၁၄ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းဖမ်းဆီးထားသည်ကို မသိရှိရသည့်အပြင် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article