27 C
Yangon

ဆားလင်းကြီးတွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းရန် ကာကွယ်ရေးနှင့် စစ်တပ် ထုတ်ကုန်မ သုံးစွဲရေး လူထုဟောပြောပွဲများ ပြုလုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ဆားလင်းကြီးမြို့နယ်တွင် ဒေသခံပြည်သူများအား တော်လှန်ရေး အင်အားစုများက ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းရန် ကာကွယ်ရေးနှင့် စစ်တပ် ထုတ်ကုန်မ သုံးစွဲရေး လူထုဟော​ပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ လက်ပံတောင်းတောင် ပင်မ သပိတ်အဖွဲ့ဝင်များနှင့် ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချူပ်ရေး အဖွဲ့တို့မှ ဦးဆောင်ပြုခဲ့ပြီး ဖက်ဒရယ် ဒီမိုကရေစီနှင့် ပတ်သပ်သည်များ၊ မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သပ်သည် များကိုလည်း အသိပေး ဟောပြောခဲ့ကြောင်း သိရသည်။

” ပြည်သူတွေအားလုံးဟာ တော်လှန်ရေးကာလအတွင်း မိမိဒေသ မိမိရပ်ရွာကို မိမိဘာသာအုပ်ချူပ်ပြီး ငါတို့ဒေသ ငါတို့အာဏာသာရှိတယ်ဆိုတာကို ပြသဖို့လိုအပ်ပါပြီ စစ်အာဏာရှင်ရဲ့အမိန့်မှန်သမျှကိုဖီဆန်ပြီး တော်လှန်ရေးအရွှေ့တစ်ခုကိုအင်တိုက်အားတိုက်ဆက်လက်ချီတက်ကြဖို့ကို
တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်” ဟု ဦးဆောင်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article