28 C
Yangon

ကွတ်ခိုင်မြို့ရှိ KBC ခရစ်ယာန်ဓမ္မကောလိပ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှု ကျောင်းသား ၄ ဦး ထိခိုက်ဒဏ်ရာရ၊ ဘာသာရေးကျောင်းကို လက် နက် ကြီးဖြင့် စစ်တပ်က ဆက်တိုက်ပစ်ခတ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ရှိ KBC ခရစ်ယာန် ဓမ္မကောလိပ်ကျောင်းဝင်းကို စစ်တပ်က ယနေ့ညပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကျောင်းသား ၄ ဦး ထိ ခိုက်ဒဏ်ရာရကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် စစ်တပ်က ကွတ်ခိုင်မြို့ရှိ KBC ခရစ်ယာန် ဓမ္မကောလိပ် ကျောင်းဝင်းထဲသို့ စစ်တပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခြင်းဖြစ်ပြီး ကျောင်းသား ၄ ဦး ထိခိုက်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ ည ၈ နာရီ ၃၀ မိနစ်မှာ လက်နက်ကြီးနဲ့ထုတာ။ အသက် အန္တရာယ် မရှိပါဘူး။ စစ်တပ်က လက်နက်ကြီး ၃ လုံးပစ်ထည့်တာ။ ကျောင်းသား ၄ ဦးထိ ခိုက်တယ်။ ဒါပေမယ့် မစိုးရိမ်ရပါဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

KBC ဓမ္မကောလိပ်ကျောင်းဝင်းအတွင်းသို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသော ကျောင်းသားများမှာ-

၁- Ndau Awng San (ဒဏ်ရာများပြား)
၂-Myitung Doi La (ခြေထောက်ဒဏ်ရာ)
၃-Brang San (မစိုးရိမ်ရ)
၄-Sut Ring Awng (နားနောက်ဘက်ဒဏ်ရာ) တို့ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ည ၁၀ နာရီ ဝန်းကျင်အချိန်တွင်လည်း KBC ဓမ္မကောလိပ်မှ ၄ ဦးဒဏ်ရာရရှိပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်လျက်ရှိကြောင်း ကချင်သတင်းရင်းမြစ်များက ပြောသည်။

ဓာတ်ပုံ- စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိထားသော ကျောင်းသားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article