28 C
Yangon

လားရှိုးမြို့အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ မြိုင်တွင် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်း ပစ်ခတ် တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်၊ လားရှိုးမြို့ အနီး MNDAA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်းက စတင်ကာ လားရှို့မြို့အနီး MNDAA တပ်ဖွဲ့နှင့် အကြမ်း ဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်တပ်ဘက်က ၂ ဦးသေဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ MNDAA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဆက် လက်ဖြစ်ပွားလျက်ရှိကြောင်း MNDAA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော စခန်း ၁ ခု ပစ်ခတ် တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် မြိုင်မြို့ အနောက်ဘက်ရှိ စစ်သား၊ ရဲနှင့် ပျူစောထီး ၆ ဦးခန့် တပ်စွဲထားသော စခန်း ၁ ခုကို ဒေသ ကာ ကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တပ်ရင်း-၁၊ တပ်ခွဲ-၃ တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- MNDAA တပ်သားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article