28 C
Yangon

ကျေးရွာများရှိ တန်ဆောင်တိုင် ဘုရားပွဲများနှင့် ပွဲလမ်း သဘင်များတွင် လူစည်ကားစေရန် စစ်တပ်နှင့်ရဲက လောင်း ကစား၀ိုင်းများ မဖြစ်မနေ ထည့် သွင်းခိုင်းပြီး ဆက်ကြေးကောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

မြန်မာနိုင်ငံတစ်ဝန်း ကျေးလက်ဒေသများတွင် တန်ဆောင်တိုင် ဘုရားပွဲများ၊ ပွဲလမ်းသဘင်များနှင့် စနေ၊ တနင်္ဂနွေ နေ့ အားလပ်ရပ် ပျော်ပွဲရွှင်ပွဲများတွင် လူစည်ကားစေရန်အတွက် လောင်းကစား၀ိုင်းများကို စစ်တပ်နှင့်ရဲများက မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းပြီး ဆက်ကြေးကောက်ယူမှုများရှိနေကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂ ရက်နေ့ တနင်္သာရီတိုင်း၊ကော့သောင်းမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် နှစ်ကျိပ်ရှစ်ဆူဘု ရား များကိုပင့်ဆောင်အပူဇော်ခံသည့် ဘုရားပွဲများတွင် လူအမြဲမပြတ်စည်ကားစေရန် စစ်တပ်နှင့်ရဲများက လောင်းကစားဝိုင်းမျိုးစုံ ထည့်သွင်းကျင်းပခိုင်းနေကြောင်း၊ လောင်းကစား၀ိုင်းများမှ ဆက်ကြေးများကောက်ယူပြီး ကောက်ခံရရှိသည့် ငွေကြေးများကို စစ်တပ်နှင့်ရဲက တစ်ဝက်၊ ရပ်ကွက်ရုံးများက တစ်ဝက်ဖြင့် ခွဲဝေယူကြကြောင်း သိရှိရသည်။

“ဘုရားပွဲမှာ လောင်းကစား ၀ိုင်းတွေ မဖြစ်မနေ ထည့်ခိုင်းတယ်။ ဘုရားပွဲ​တွေမှာ လူတွေနဲ့ အေးချမ်းနေပြီ။ မြို့ရွာတွေမှာ အေးချမ်းတည်ငြိမ်နေပြီ၊ ပုံမှန်အတိုင်းဖြစ်နေပါပြီလို့ ပြချင်တာထင်တယ်။ ဘာသာရေးကိုအကြောင်းပြပြီးလောင်းကစားဝိုင်းတွေလုပ်ခွင့်ပေးပြီး အားလုံး အေးချမ်းနေပြီလို့ ပြချင်နေတာ” ဟု ကော့သောင်းဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကတုတ် ကျေးရွာတွင်လည်း စစ် တပ် နှင့်ရဲများက လောင်းကစား၀ိုင်းများကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ပူး ပေါင်း ၍ ပြုလုပ်ခွင့်ပေးထားပြီး နေ့၊ ညမပြတ် လူစည်ကားလျက်ရှိကြောင်း၊ အဓိက အားဖြင့် ကျေး ရွာများတွင် PDF များ မခိုအောင်းနိုင်စေရန်နှင့် ပြည်သူများ နိုင်ငံ ရေး စိတ်ပါဝင်စားခြင်းမရှိ စေရန် အတွက် ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို တရားဝင် ပြောဆို၍ လောင်းကစား၀ိုင်းများ ပြုလုပ်ခိုင်းခြင်းဖြစ်သည်ဟု သိရှိရသည်။

“ရွာမှာ အာဝါဒေး လောင်းကစား၀ိုင်းတွေကို ဖမ်းမယ့်သူလည်းမရှိဘူး ။ ခိုးမှုနဲ့ ရာဇဝတ်မှုတွေလည်း ပေါလာတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ-ကောင့်သောင်းမြို့ ဘုရားပွဲမှ လောင်းကစား ၀ိုင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article