28 C
Yangon

လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ကရင်နီပြည်သူ ၄ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ စစ်တပ်က ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူ ၄ ဦးဒဏ်ရာရရှိကြောင်း ဒေသံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၄ ရက် ယနေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် လေးဦး ဒဏ်ရာရခဲ့ကာ နေအိမ်မှာ လုံးဝပျက်စီးသွားခဲ့သည်။

“မိသားစုဝင် လေးဦး ဒဏ်ရာရတယ်၊ အသက်အန္တရာယ်တော့ မရှိပါဘူး၊ မျက် လုံးထိတဲ့တစ်ယောက်ကတော့ မျက်လုံး ပျက်ဖို့ များတယ်” ဟု ရွှေလွိုင်ကော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဒဏ်ရာရရှိသူ ၄ ဦးတွင် အမျိုးသမီးတစ်ဦးသည် ဝဲဘက် မျက်လုံးတွင် ထိခိုက်ကာ၊ ကလေးငယ်အပါအဝင် အခြားသုံးဦးမှာ ဦးခေါင်းနှင့် လည်ပင်းများတွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားမှု မရှိသည့်အချိန်တွင်လည်း စစ်ကောင်စီက ဒေသခံ ပြည်သူ လူထုများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF သတင်းရင်းမြစ်က ပြောဆိုသည်။

“ဒီ အောက်တိုဘာ တစ်လအတွင်းမှာ တိုက်ပွဲတွေ နည်းတယ်၊ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီး အလုံးပေါင်း ၂,၀၀၀ ကျော်ကို ရွာတွေကို ရမ်းပစ်နေတယ်။ အဓိကကတော့ ပြည်သူတွေ မခံနိုင်တော့အောင်၊ ဒီစစ်ဖြစ်နေတာကို ငြိုငြင်လာအောင် ကို လုပ်နေတာ။ ဒီ လွိုင်ကော်-လွိုင်လင်ဘေး ဘက်ကတော့ ကျနော်တို့ စိုးမိုးထားပါတယ်၊ ဒီနေ့ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ လက်နက် ကြီးကတော့ နေရာစုံကနေကို ပစ်နေတာ။ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော် ဘက်ကနေ ၁၂၀ မမ တွေ၊ ဟောင်ဝစ်ဇာ ၁၀၅ မမတွေနဲ့ ပါ ပစ်နေတာ။ ပြီးတော့ ရွာတွေထဲကို စစ်ကြောင်းထိုးတယ်၊ ပြည်သူတွေ ကြောက်လန့်အောင် လုပ်နေတာပေါ့” ဟု KNDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ရှင်းပြသည်။

နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ် သည် ကုန်းဆွတ်ကျေးရွာနှင့် ၇ မိုင်ခန့် ကွာဝေးသည့် လင်ဖုံးကြီးကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၄ ဦး ထိခိုက်မှုရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article