28 C
Yangon

စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ဌာနချုပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၊ မုံရွာနှင့် ရေစကြိုတွင် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲခံရပြီး ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ ဌာနချုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

နိုင်ဝင်ဘာလ ၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်တွင် အကြမ်းဖက် စစ်တပ် တပ်မ ၃၃ ဌာနချုပ်ကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ မှ ၄၀ မမ၊ ၂ လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး ဌာနချုပ်ဝင်းအတွင်းရှိ အလယ်ပိုင်း အဆောက်အအုံနှင့် အဝင်ဂိတ်ပေါက် တစ်လုံးတို့ ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဥ်ကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ နဂါးတွင်းရွာကို စီးနင်း မီးရှို့ခဲ့သော အကြမ်း ဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် နဂါးတွင်းရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နဂါးတွင်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၊ လုယက် ပြီးနောက် တောပု(ပျူရွာ)သို့ အပြန်လမ်း၌ Monywa Peregrine people’s Defense Force (အမဲလိုက်သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်-မုံရွာ) မှ ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နဂါးတွင်း ကျေးရွာမှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဘထွက်ခွာလာစဥ် ရမ်းသမ်း ပစ်ခတ်လာသော ပျူစောထီး ၄ ဦးလိုက်ပါလာသော ဆိုင်ကယ် ၂ စီးကို ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် တိုက်ခိုက်မှုကို ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ယူဆောင်လာသော စစ်သား၊ ရဲနှင့် ပျူစောထီးများ လိုက်ပါလာသော အိမ်စီးကားကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Monywa Peregrine People’s Defense Force၊ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Generation Z People Defence Force၊ လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်၊ မုံရွာခရိုင်တပ်ရင်း – ၁ M.P.D.F
ဇာမဏီပြည်သူ့ကာကွယ်ရေးတပ် တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Monywa Peregrine People’s Defense Force အဖွဲ့ထံက ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ်တွင် PDF တပ်ဖွဲ့ စစ်ဆေးရေး ဂိတ်စခန်းကို လာရောက် ဖျက်ဆီးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကျောက်လှေခါးရွာ လမ်းဆုံရှိ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် စခန်းကို လာရောက်ဖျက်ဆီးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို Yesagyo Revolution Group – YRG အဖွဲ့နှင့် မဟာမိတ်ညီနောင်များဖြစ်ကြသော Urban Underground Revolution Force – UURF ၊ Southern YSO PDF ၊ Shwe Nyar Myae PDF ၊ King Cobra PDF ၊ Zarmani Blood Guerilla Army-Myaing ၊ Royal PKU UG ၊ညီနောင်သုံးဖော် နှင့် ဒေါင်းစစ်သည် အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article