ရန်ကုန်၊ နိုဝင်ဘာ ၄
မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် “တချို့ ကတိုင်းပြည်အတွက် ပေးဆပ်နေကြတယ် တချို့က ကိုယ်နဲ့မဆိုင်သလိုနေကြတယ် တိုင်းပြည် လွတ်လပ်ဖို့ လူတိုင်းပါဝင်ကူညီဖို့လိုတယ်” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။