28 C
Yangon

မြင်းမူ၊ ရွှေယင်းမာရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၆ လုံးပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ရွှေယင်းမာရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆ လုံးပြာကျခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ရွှေယင်းမာကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ရိုက်နှက် ဖျက်စီးကာ ညနေ ၅ နာရီကျော်ခန့်တွင် ရွှေယင်းမာကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။

” ရွှေယင်းမာရွာကို စစ်ခွေးတွေ မီးရှို့သွားတာ နေအိမ် ၆ အိမ်ပြာကျသွားတယ်။ နေအိမ် ၁၁ အိမ်က ရိုက်ချိုးဖျက်ဆီးခံရတယ်။ အခုခွေး စစ်ကြောင်းက တွင်းကြီးကျေးရွာနှင့် ဂွေးပင်တောကျေးရွာ အကြားရောက်ရှိနေတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေယင်းမာကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် တောချောင်းဦးကျေးရွာသို့ ဝင်ရောက်ခဲ့​ပြီး ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် ညအိပ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် တောချောင်းဦးကျေးရွာနှင့် ဂရုကျေးရွာ အကြားတောထဲမှ ထွက်ခွာလာကာ ကုန်းရွာသို့ မွန်းလွဲ ၁၂နာရီအချိန်ခန့်တွင် ထပ်မံ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် တောလမ်းအတိုင်း ထွက်ခွာသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တွင်းကြီးကျေးရွာနှင့် ဂွေးပင်တောကျေးရွာ အကြားရောက်ရှိနေကြောင်း သိရသည်။

Photo crd – မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article