28 C
Yangon

တန့်ဆည်တွင် တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၁ ဦးကို ကျဆုံး၊ ပြည်သူ ၂၆ ဦး ဖမ်းဆီးခံရပြီး ၁၄ ဦး ပြန်လွတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်တပ်၊ ပျူစောထီးများနှင့် PDF တပ်များ တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း တန့်ဆည်မြို့နယ်ရှိ PDF တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာအနီး စစ်သားများနှင့် ပျူစောထီးများပါဝင်သော စစ် ကြောင်းနှင့် ရွှေဘိုခရိုင် တပ်ရင်း ၂၅ TPC တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲမှာ မိနစ် ၂၀ ခန့် ကြာမြင့်ပြီး PDF ရဲဘော် ချစ်တိုးအောင် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင်စစ်တပ်နှင့်ပျူစောထီးများက ကျေးရွာသား ၂၆ ဦးကို ဖမ်းဆီးသွားပြီး ၁၄ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ၁၂ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း၊ ၎င်းတို့၏ အသက်အန္တရယ်စိုးရိမ်ရကြောင်း ဒေသခံများက ဆိုကြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော ဒေသခံပြည်သူ များကို ပျူစောထီးများက ၎င်းတို့ နေထိုင်သည့် မူးတိမ်ရွာဘက်သို့ ‌ခေါ်ဆောင်သွားခဲ့ပြီး အခြေအနေမသိရ‌ ကြောင်း၊ ပုန်းရှောင်ရင်း လွတ်မြောက်လာသော ပြည်သူများကို ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များက စောင့်ရှောက်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရဲဘော်ချစ်တိုးအောင်ကို ယနေ့ သဂြိုလ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article