28 C
Yangon

နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာမှ တအာင်း တိုင်းရင်းသား ပြည်သူ ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာမှ တအာင်းတိုင်းရင်းသား ပြည်သူ ၂ ဦးကို စစ်တပ်က ယမန်နေ့က အကြောင်းမဲ့ သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် စစ်တပ်စစ်ကြောင်းက လှည့်လည်သွားလာစဉ် မန်စပ်ကျေးရွာသား လည်းဖြစ်၊ တအာင်းတိုင်းရင်း သားလည်းဖြစ်သူ ပြည်သူ ၂ ဦးကို အကြောင်းတစ်စုံတစ်ရာ မေးမြန်းခြင်း မရှိဘဲ ဓားဖြင့် ထိုးခြင်း၊ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့ မွန်းလွဲ ၁နာရီ ၁၅မိနစ် အယေ့ယေ အသက် ၄၃ နှစ်နဲ့ အနာည်ယီုန်း အသက် ၄၆ နှစ်ကို အကြောင်းမဲ့ ပစ်သတ်သွားတာပါ။ လမ်းမှာ သွား လာနေကြတဲ့ အပြစ်မဲ့ ပြည်သူတွေ ကို စစ်ကောင်စီက သတ်သွားတာပါ။ တစ်ဦးရဲ့ လည် ပင်းမှာ ဓားနဲ့ထိုးထားတဲ့ အပေါက်ကြီးရှိတယ်။ ဗိုက်ကိုလည်း ဓားနဲ့ ထိုးထားတယ်။ နောက်တစ်ဦးကိုလည်း သေနတ်နဲ့လည်း ပစ်ထားတယ်။ ဓားတွေနဲ့လည်းထိုးထားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တပ်က သတ်ဖြတ်ထားသူ ၂ ဦး၏ ရုပ်အလောင်းကို ကျေးရွာမှ ပြည်သူများက ပြန်လည်ကောက်ယူပြီး နာရေးသဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article