27 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – အိမ်အကူလုပ်ဖို့အတွက် ဒူဘိုင်းနိုင်ငံကို သွားရောက်ခဲ့ပေမယ့် ၆ လတိတိ အလုပ်မရ၊ လစာမရ ပဲ ညှဉ်းပန်းနှိပ်စက်ခံနေရသူ မမေသဇင်ဦး ဆိုသူဟာ အေးဂျင့်လက်ထဲကနေ ထွက်ပြေးပြီး မြန်မာနိုင်ငံကို ပြန်ချင်နေပေမယ့် လျှော်ကြေး ငွေကျပ်သိန်း ၆၀ တောင်းနေတဲ့အတွက် အခက် တွေ့နေရတယ်လို့ ကာယကံရှင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ .ပြည်တွင်းမှာ ငွေလိမ်နိုင်တဲ့ Exxon Application အသစ်တစ်ခု ထွက်ရှိလာပြီး မြန်မာပြည်သူတွေကို အဖွဲ့ဝင် /အဖြစ် ငွေထည့်ခိုင်းတာ ၊ လူစုဆောင်းခိုင်းတာတွေကို သတိပြုဖို့ လိုအပ်တယ်လို့ ငွေကြေး ဆိုင်ရာစီမံခန့်ခွဲမှု ကျွမ်းကျင်သူတချို့က သတိပေးပြောဆိုထားပါတယ်။ – ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့စီးပွားရေး-ဘဏ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗုံးခွဲ တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့သတင်း အပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article