27 C
Yangon

မင်းအောင်လှိုင်ပါသော ကားကို ရထားဖြင့် ဝင်တိုက်လုနီးပါး ဖြစ်ပွားခဲ့မှု ရထားမောင်း ဖိုးလပြည့် အရေးယူခံရ ၊ လုပ်ကြံခံရပြီအထင်ဖြင့် မင်းအောင်လှိုင် အကြီး အကျယ် ကြောက်လန့် ဒေါသထွက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

နေပြည်တော်၊ ပျဉ်းမနားတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လိုက် ပါသော ကားကို သံလမ်း‌ပြေးရ ထားတစ်စီးက ဝင်တိုက်လုနီးပါး ဖြစ်ပေါ်ခဲ့သဖြင့် မင်းအောင်လှိုင်က အကြီးအကျယ်ကြောက်လန့်ဒေါသထွက်ကာ မီးရထား မောင်းသူကို အရေးယူခိုင်းလိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ညနေ ၆ နာရီ အချိန် ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ် ၂၂၆/၁၆-၁၇ တွင် မင်းအောင်လှိုင်၏ ယာဉ်တန်း ဖြတ်သန်းနေစဉ် မီးရထားမောင်း ဖိုးလပြည့် မောင်းနှင်လာသော 68-RGC သံလမ်းပြေးယာဉ်က ဝင်တိုက်လုနီးပါး ဖြတ်သန်းသွားသဖြင့် မင်းအောင်လှိုင် ယာဉ်တန်း အားလုံး ရပ်တန့်ခဲ့ရကြောင်း၊ မင်းအောင်လှိုင်လိုက်ပါသော ကားကို ရထားဖြင့် ဝင်တိုက်လုနီးပါး ဖြစ်ပွားခဲ့သဖြင့် အဆိုပါ ရထားမောင်းသူ ဖိုးလပြည့်ကို မင်းအောင်လှိုင်က အရေးယူခိုင်းကြောင်း သိရှိရသည်။

“မင်းအောင်လှိုင်လိုက်ပါလာသောယာဥ်တန်းနဲ့ RGCသံလမ်းပြေးရထားတို့တိုက်လုနီးပါးဖြစ်လို့ရထားမောင်းနှင်သူဘက်က မှန်ပေမယ့်အရေးယူခံရတယ်။ ဖြစ်စဥ်မှာ RGCသံလမ်းပြေးယာဥ်သည်တာဝန်အရမောင်းနှင်လာတာပါ။ ရထားလမ်းနှင့်ကားလမ်းတို့ဆုံရာ သံလမ်းကူးအရောက်မှာ စစ်ယာဥ်တန်းတွေက ကြိုတင်အကြောင်းကြားမှုမရှိဘဲ ရထားသံလမ်းကို ဖြတ်ကူးတာပါ။ စစ်ယာဥ်တန်းပြတ်တောက်သွားပြီး လုံခြုံရေးယူသောကားတွေ၊ တိုင်းမှူးကားတွေက ရထားသံလမ်းကိုဖြတ်ကျော်သွားပြီး မင်းအောင်လှိုင်စီးနှင်းလာတဲ့ကားကို RGCသံလမ်းပြေးရထားက တိုက်မိမလိုဖြစ်သွားတယ်။ အဲဒါ မင်းအောင်လှိုင်က လုပ်ကြံခံရပြီအထင်နှင့်ကြောက်လန့်၍ဒေါသထွက်ကာ ရထားမောင်းအားအရေးယူခိုင်းတာပါ” ဟု ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article