27 C
Yangon

ရေစကြိုတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ခြေထောက်ဖြင့်ကန်သော လက်နက်ကိုင် ပျူစောထီး ဖြိုးသူကျော် မိနစ်ပိုင်းအတွင်း မိုင်းထိ၍ ပွဲချင်းပြီးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF စစ်ဆေးရေး ဂိတ်စခန်းကို လာရောက် ဖျက်ဆီးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် လိုက်ပါလာသော လက်နက် ကိုင် ပျူစောထီး ဖြိုးသူကျော်က ဂိတ်ရှိ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ခြေထောက်ဖြင့်ကန်၍ ဖျက်ဆီးပြီးနောက် မိနစ်ပိုင်းအတွင်း မိုင်းထိကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကျောက်လှေခါးရွာ လမ်းဆုံရှိ PDF ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် စခန်းကို လာရောက်ဖျက်ဆီးကြောင်း၊ အဆိုပါ စစ်ကြောင်းမှ လက်နက်ကိုင်ပျူစောထီး ဖြိုးသူကျော်က လမ်းဘေးတွင် စိုက်ထူထားသော ဒေါ်အောင်ဆန်းစုကြည် ၏ဓာတ်ပုံ ဗီနိုင်းပိုစတာကို ခြေထောက်ဖြင့် ကန်၍ ဖျက်ဆီးကြောင်း၊ PDF ကာကွယ်ရေး တပ်ဖွဲ့များက အဆိုပါစစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ဒေါ်အောင်ဆန်းကြည်၏ ဓာတ်ပုံ ပိုစတာကို ခြေထောက်ဖြင့် ကန်သည့် ဖြိုးသူကျော်မှာ မိနစ်ပိုင်းအတွင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ ဂိတ်စခန်းကို လာတော့ ပြည်သူတွေ အနီးအနားမှာ ရှိနေလို့ နောက်ဆုတ်ပေးပြီး မိုင်း အသေးစားပဲ ခွဲလိုက်ရတယ်။ စစ်ခွေး ၁ ​ကောင်တော့ သေတယ်” ဟု Yesagyo Revolution Group – YRG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရေစကြိုဒေသခံတစ်ဦးက “သေတဲ့ကောင်က ဂွေးချိုရွာက ပျူစောထီးခွေးပါ။ ဘောမအကြီးစားပဲ။ သူ့အဖေရော ပျူ လုပ်နေတာ။ အိမ်ခြေ၁၇၀လောက်ရှိတဲ့ရွာ ပျူ ၅၀ လောက်ရှိတယ်။ ပျူအများစုက ဆင်းရဲတဲ့သူတွေဆိုတော့ ဘေးရွာတွေကို ဝင်မွှေပြီး ပစ္စည်းတွေ လုယက်ရရင် ပြုံးပျော်နေကြတာ။ ကျနော်တို့ရွာတွေလည်း သူတို့ကို ကြောက်နေရတာ” ဟု ပြောဆိုသည်။

ယင်း တိုက်ခိုက်မှုကို Yesagyo Revolution Group – YRG အဖွဲ့နှင့် မဟာ မိတ်ညီနောင်များဖြစ်ကြသော Urban Underground Revolution Force – UURF ၊ Southern YSO PDF ၊ Shwe Nyar Myae PDF ၊ King Cobra PDF ၊ Zarmani Blood Guerilla Army-Myaing ၊ Royal PKU UG ၊ညီနောင်သုံးဖော် နှင့် ဒေါင်းစစ်သည် အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် ကန်ပြီး မိနစ်ပိုင်းအတွင်း မိုင်းထိသေဆုံးသော လက်နက်ကိုင်ပျူစောထီးဖြိုးသူကျော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article