26 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – နေပြည်တော်၊ ပျဉ်းမနားမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လိုက် ပါလာတဲ့ ကားကို သံလမ်း‌ပြေး ရထားတစ်စီးက ဝင်တိုက်လုနီးပါး ဖြစ်ပေါ်ခဲ့တဲ့အတွက် မင်းအောင်လှိုင်က အကြီးအကျယ် ကြောက်လန့် ဒေါသထွက်ပြီး ၊ မီးရထား မောင်းတဲ့သူကို အရေးယူခိုင်းလိုက်တယ်လို့ သိရပါတယ်။ – တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေက ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မူးဒူးဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဓမ္မဝံသ ဟာ ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ – မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ PDF စစ်ဆေးရေးဂိတ်စခန်းကို လာရောက် ဖျက်ဆီးတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်း နဲ့ လိုက်ပါလာတဲ့ လက်နက်ကိုင် ပျူစောထီး ဖြိုးသူကျော်က နိုဝင်ဘာလ ၂ရက်နေ့မှာ ဂိတ်မှာရှိတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ခြေထောက်နဲ့ ကန်ပြီး ဖျက်ဆီးပြီး မိနစ်ပိုင်းအတွင်းမှာပဲ မိုင်းထိပြီးတော့ ပွဲချင်းပြီး သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်း တွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article