27 C
Yangon

စစ်တပ်ဝါဒဖြန့်ချိရေး Facebook Page များ၊ တယ်လီဂရမ်အုပ်စုများတွင် ပါဝင်ရန်၊ Share လုပ်ရန် တပ်တွင်း အမိန့်ထုတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၅

အကြမ်းဖက်စစ်တပ်က တပ်ဝါဒဖြန့်ချိရေး Facebook စာမျက်နှာများ၊ တယ် လီဂရမ်အုပ်စုများတွင် တပ်ရင်းတပ်ဖွဲ့များမှ မိသားစုများ၊ စစ်သားများအားလုံး ပါဝင်ကြရန်နှင့် ဝါဒဖြန့် သတင်း၊ ဆောင်းပါးများကို မဖြစ်မနေ Share လုပ်ကြရန် အမိန့် ထုတ်ထားကြောင်း သိရှိရသည်။

စစ်တပ်က Facebook လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင် ရပ်တည်နိုင်ခြင်းမရှိသောကြောင့် အကောင့်အတုများဖြင့် အမည်အမျိုးမျိုးသုံး၍ လူမှုကွန်ရက်တွင် ဝါဒဖြန့်ချိရေး Page များထူထောင်ကာ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့် လျက်ရှိကြောင်း၊ တယ်လီဂရမ်စာမျက်နှာတွင် Han Nyein Oo ၊ Kyaw Swar အပြင် အခြားသော စစ်တပ်လော်ဘီ စာမျက်နှာများကို စစ်တပ်အသိုင်းအဝိုင်းမှ မိသားစုများ၊ စစ်သားများအားလုံး မဖြစ်နေ Join လုပ်ခိုင်းထားကြောင်း သိရှိရသည်။

“တပ်တွင်းမှာ propaganda လုပ်တဲ့ Fb page တွေနဲ့ telegram တွေကို တပ်တွင်း မိသားစုတွေကို ခေါ်ပြီး အဲ့ဒါတွေကို သူတို့ဖုန်းတွေမှာ အကုန် share ခိုင်းတယ်။ တပ်ထဲတွေမှာ တပ်နယ်အလိုက် ဖွင့်ထားတဲ့ Facebook page တွေရှိနေပြီး အဲ့ဒီ ပေ့ချ်တွေကို တပ်ထဲက တပ်မိသားစုဝင်တွေကို အကုန်ခေါ်ပြီး post တွေကို share ခိုင်းတယ် ဖုန်းတွေပါ ယူပြီး အရာရှိတွေကိုယ်တိုင်က share ပေးတာတွေပါလုပ်ခိုင်းပါတယ်။ Telegram ကိုဆိုရင်လည်း ကကဟန်ဆိုတဲ့ telegram ကိုပဲ အမြဲကြည့်ဖို့ channel ကို join ဖို့ပြောပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

စစ်ကိုင်းတိုင်းနှင့်ချင်းပြည်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များတွင် Facebook လူမှုကွန်ရက်တွင် ဖွင့်လှစ်ထားသည့် သလ္လာရွှေမြေ လူမှုကွန်ရက် စာမျက်နှာ ကို မဖြစ်မနေ Like လုပ်ထားကြရန်နှင့် ဝင်ရောက်ကြည့်ရှုကြရန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က အမိန့်ထုတ်ထားသည်ဟု သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက လူမှုကွန်ရက် Facebook ကို အစားထိုးမည့် လူမှုကွန်ရက်တစ်ခုကိုလည်းကောင်း၊ You tube ကို အစားထိုးမည့် Mtube ကိုလည်းကောင်း တီထွင် တည်ဆောက်နေပြီဟု တရားဝင် သတင်းထုတ်ပြန် ထားသော်လည်း လက်ရှိအချိန်အထိ တရားဝင် ထွက်ရှိလာခြင်းမရှိသေးပေ။

လူမှုကွန်ရက် Facebook ၊ You tube တို့တွင် စစ်ကောင်စီက နေရာမရသဖြင့် တယ်လီဂရမ်၊ ဗိုက်ဗာတို့မှတစ်ဆင့် ဝါဒ ဖြန့်ချိရေးများကို အင်တိုက်အားတိုက် စစ်တပ်က လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်အထိ ပြည်သူများ အကြားကို ထိုးဖောက်နိုင်ခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article