27 C
Yangon

လိပ်သိုတွင် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ရေစကြိုတွင် စစ်တပ် အထိုင်စခန်း တိုက်ခိုက်ခံရ၊ ပုသိမ်မြို့ပေါ်ရှိ စစစ ရုံး ဗုံးခွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ လိပ်သိုမြို့တွင် စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် လိပ်သိုမြို့၊ သံမိုးတောင်ကျေးရွာရှိ ပိန္သီလာလမ်းခွဲတွင် ကင်းလှည့်ပြီး စျေးဝယ်ထွက်လာသော စစ်သား ၂ ဦးကို YMLB-PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်းသည်။

အဆိုပါ စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦးကို People Defence Force Thandaung (YMLB) စစ်ကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး MA-3 သေနတ် ၁ လက်နှင့် MA-3 ကျည် ၂၅ တောင့်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာရှိ အကြမ်းဖက် စစ်တပ် တပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် မင်းရွာရှိ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ROYAL EAGLE _ PDF၊ YLK ပြောက်ကျားတပ်၊ ရဲဘော်ကြီး အထူးပြောက်ကျားတပ်၊ BRIGHT STAR GROUP LOCAL DEFENSE FORCE အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ROYAL EAGLE – PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက်ရှိ အထူး စုံစမ်း စစ်ဆေးရေးဌာန (စစစ) ရုံး ဖောက်ခွဲ တိုက်ခိုက်ခံရကြောင်း သိရသည်။

နိုဝင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ ရုံးပေါင်းစုံလမ်း၊ မြို့နယ်တရားရုံးဘေးနှင့် ရဲစခန်းရှေ့တွင် ရှိသော စစစ ရုံးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PSTF)နှင့် ကန်ကြီးထောင့် ပကဖ တို့မှ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲခဲ့ပြီစ ရုံးအတွင်းရှိ ထိခိုက်မှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း PSTF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article