ရန်ကုန်၊ နိုဝင်ဘာ ၆
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “လူယုတ်မာစစ်အုပ်စုအဖွဲ့ရမ်းကားတာနဲ့ပဲ မြန်မာပြည်ပျက်လုလု ဖြစ်သွားရတယ်ဆိုတာ.
လူကြောက် လူညံ့တွေများလို့သာဖြစ်တယ်။ မကြောက်ကြ မညံ့ကြဘဲ မြန်မာပြည်ကို ကယ်တင်ကြပါစို့။” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။