27 C
Yangon

ပြင်ဦးလွင် တန်ဆောင်ပွဲ လောင်းကစားဝိုင်းများ ထည့်သွင်းရန် ဗိုလ်မှူး နေဇော်လတ်က ကန်ထရိုက်ယူ၊ ၆ ကောင်ဂျင်၊ ရှမ်းကိုးမြီး အပါအဝင် လောင်းကစား၀ိုင်းဆိုင်ခန်း ၈၀ နီးပါးထည့်သွင်းထား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မဟာအံ့ထူးကံသာ ဘုရားဝင်တွင် စစ်ကောင်စီက ကျင်းပပြုလုပ်နေသည့် တန် ဆောင် တိုင်ပွဲတွင် လောင်းကစား၀ိုင်း ဆိုင်ခန်း ၈၀ နီးပါး ထည့်သွင်းထားပြီး ဗိုလ်မှူးနေဇော်လတ်က လောင်း ကစား ၀ိုင်း ဆိုင်းခန်းများအတွက် ကန်ထရိုက်ယူထားကြောင်း ပွဲနှင့်ဆက်စပ်နေသူများထံမှ သိရှိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားချက်အရ မန္တလေးတိုင်း စစ်ကောင်စီက ပြင်ဦးလွင် တန်ဆောင်တိုင်နှင့်မီးပုံပျံပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး လူစည်ကားစေရန် လောင်းကစား၀ိုင်းများကို ထည့်သွင်းထားခြင်းဖြစ်ကြောင်း၊ လောင်းကစား၀ိုင်းထည့်သွင်းထားသည့်တိုင် လူစည်ကားမှုမရှိကြောင်း၊ ထူးခြားမှု အနေဖြင့် စစ်တပ်ဗိုလ်မှူးတစ်ဦးက လောင်းကစား၀ိုင်းဆိုင်ခန်းများကို ကန်ထရိုက်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မြိုနယ်၊မဟာအံ့ထူးကံသာ ဘုရားဝင်းတွင်ကျင်းပပြုလုပ်လျက်ရှိသည့်တန်ဆောင်တိုင်ပွဲတော်ကြီးတွင်လောင်းကစားဝိုင်းများထည့်သွင်းကျင်းပလျက်ရှိပါတယ်။ ဗိုလ်မှူးနေဇော်တ်က အပြင်လူ ကိုသူရထွန်း ကို အမည်ခံခိုင်းပြီး လောင်းကစားဝိုင်းတွေကို ကန်ထရိုက်စွဲထားပါတယ်။ တန်ဆောင်တိုင်ပွဲအားခုတုံးလုပ်၍ ကိုယ်ကျိုးစီးပွားရှာကြလို့ လောင်းကစား၀ိုင်းအတန်းမှာ ခါးပိုက်နှိက်မှုနဲ့ ရန်ပွဲတွေဖြစ်နေပါတယ်” ဟု ပွဲနှင့်ဆက်စပ်သူတစ်ဦးက ပြော သည်။

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတွင် လောင်းကစား၀ိုင်းများထည့်သွင်းရာတွင် ၆​​ကောင်ဂျင်၊ ရှမ်းကိုးမီး လောင်းကစား ၀ိုင်း ဆိုင်၂၂ခန်း၊ ဆင်လားကျားလား ၃၈ကောင်လောင်းကစား၀ိုင်းဆိုင်ခန်း ၅၀ ကျော် စုစုပေါင်း လောင်းကစား၀ိုင်း ဆိုင်ခန်း ၈၀ နီးပါး ပါဝင်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးပုံးပျံပွဲ၊ မီးထွန်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး၊ စျေးပွဲတော်များ မဖြစ်မနေ ကျင်းပရန် တိုင်းနှင့်ပြည်နယ်စစ်ကောင်စီများကို နေပြည်တော်က ညွှန်ကြား ခိုင်းစေထားပြီး ပွဲတော်များတွင် ဗုံးကွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလာလျှင် PDF များ၏ လက်ချက်ဟု ကြေညာရန် ပြင်ဆင်ခိုင်းထားကြောင်း ရန်ကုန် တိုင်းစစ်ကောင်စီသတင်းရပ်ကွက်ထံမှ သိရှိရသည်။

ဓါတ်ပုံ-ယခုရက်ပိုင်း ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်မှ လောင်းကစားဝိုင်းဆိုင်ခန်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article