25 C
Yangon

ဘုတ်ပြင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး အောင်မျိုးသူ ဒဏ်ရာရ၊ ရမည်းသင်းတွင် လောင်းကစားဝိုင်း သတိပေး ဖောက်ခွဲခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး ခမရ ၃၅၈ မှ ဗိုလ်မှူး အောင်မျိုးသူ ထိခိုက်ဒဏ်ရာရရှိကာ တပ်သားများ ထိခိုက် သေဆုံးမှု ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာရှိ R-0 ဆီအုန်းတောလမ်းကြားအနီး စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရန် ကာကွယ်ရေး ရဲဘော်များ စောင့်ဆိုင်းနေစဥ် အင်အား ၁၅ ဦးခန့် ပါဝင်သော အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းသည် ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း ရောက်ရှိလာစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ကာ ခမရ ၃၅၈ ဗိုလ်မှူးအောင်မျိုးသူ လက်မောင်း ဖောက်ဝင် ဒဏ်ရာရရှိပြီး တပ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် စစ်ကြောင်းထံမှ ၆၀ မမ ဗုံးသီး ၇ လုံး၊ ၅.၅၆ ကျည် ၂၀၀ တောင့်၊ ကျည်ဘောက် ၂ ဘောက်နှင့် ကျည်ဘောက် အဝိုင်း ၁ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁)နှင့် Flying Stars ပကဖအဖွဲ့ (ဘုတ်ပြင်းမြို့နယ်)တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ခံဘူးရွာ အတွင်းရှိ လောင်းကစားဝိုင်းကို ဒေသခံ ကာကွယ်ရေး အဖွဲ့များက သတိပေးသည့် အနေဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ည ၈နာရီခန့်တွင် JURF အဖွဲ့က အထူး သတိပေးခြင်း အနေဖြင့် လက်ပစ်ဗုံး ၁ လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ အများပြည်သူများ စိတ်အနှောက်ယှတ် ဖြစ်စေရန် ပြုလုပ်သော ပွဲလမ်း သဘင် များနှင့် စစ်တပ် ဒေါက်တိုင်များကို နောက်နောင်တွင် သတိပေးခြင်းများ မပြုလုပ်တော့ဘဲ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း Justice Undergrond Revolution Force အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article