27 C
Yangon

ဘားအံတွင် စစ်ကောင်စီ၏ ၆၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အကြိုည အခမ်းအနားအနီးတွင် ဗုံးများ ပြင်းထန်စွာ ပေါက်ကွဲ ၊ အကြိုညပွဲ လူမလာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စစ်ကောင်စီက ၆၇ ကြိမ်မြောက် ကရင် ပြည်နယ်နေ့ အခမ်းအနားအကြိုညအဖြစ် ယနေ့ည ပွဲ ကျင်းပနေစဉ် ပွဲကျင်းပရာ နေရာ အနီးတွင် ဗုံးများ ပြင်းထန်စွာပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၈ နာရီအချိန် ဘားအံမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဆေး ၀င်္ကပါကျောင်းရှေ့၊ ယာဉ်ထိန်းရုံးနား ဗုံး ၂ လုံး ပြင်းထန်စွာ ပေါက်ကွဲကြောင်း၊ပြည်နယ် လ၀ကရုံးအနီးနှင့်ဇွဲကပင်ခန်းမအနီးတွင်လည်း ပေါက်ကွဲကြောင်း၊ဗုံးပေါက်ကွဲသောနေရာသည် ၆၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ပွဲ အခမ်း အနားနှင့် ကိုက် ၅၀၀ သာ ကွာဝေးကြောင်း သိရှိရသည်။

“မနက်ဖြန် ၆၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားဖွင့်မှာ ။ အခု ဗုံးပေါက် တာသိပေမယ့် လူတွေကြောက်မှာစိုးလို့ ဒုံးယိမ်းပြိုင်ပွဲကို မရပ်ဘူး။ ဆက် ကခိုင်းတယ်။ ဗုံးပေါက်ကွဲပြီးပြီးချင်း မီးရှုးမီးပန်းတွေ လွှတ်ခိုင်းတယ်။ ရောချတာ ။ ဗုံးပေါက်တာလိုလို မီးရှုးမီးပန်းဖောက်တာလိုလို လုပ်တာ”ဟု ဘားအံမြို့ဒေသခံတစ်ဦးက ပြောဆိုသည်။

ဘားအံတွင် ယနေ့ညပိုင်း ကျင်းပလျက်ရှိသော ၆၇ ကြိမ်မြောက် ကရင် ပြည် နယ် နေ့ အခမ်းအနားအကြိုညပွဲသို့လည်း လူမလာဘဲ တိတ်ဆိတ် ခြောက်ကပ်နေကြောင်း၊ ဌာနဆိုင်ရာများသာ ကိုယ့်လူဖြင့် ကိုယ်ပျော်ရွှင် နေရသည့်ပုံစံဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်နှင့် BGF များက ဘားအံမြို့ကို လှည့်ပတ်နေကြောင်း ဒေသခံ များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

ဓါတ်ပုံ- ယနေ့ ည ပိုင်း ၆၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား အကြိုညပွဲ ကျင်းပမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article