27 C
Yangon

မန္တလေးတွင် စစ်တပ် ထောက်ပို့ ယာဥ်တန်း မိုင်းဆွဲ ခံရပြီး ၂ ဦးသေဆုံး၊ အုတ်ဖိုတွင်လည်း စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မန္တလေးမြို့၊ ထုံးဘို မင်္ဂလာတံတားအနီး စစ်တပ် ထောက်ပို့ ယာဥ်တန်း ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ထုံးဘိုမင်္ဂလာတံတားအနီး အကြမ်းဖက် စစ်တပ် ထောက်ပို့ယာဥ်တန်းကို မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထောက်ပို့ယာဥ် ၁ စီးကို ထိမှန်ကာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Generation Z Power-GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့နှင့် ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Generation Z Power-GZP (Mandalay) ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် တာဝါရွာဆည်ခြေရင်းသို့ လမ်းကြောင်းထောက်တက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ ၃၃ ဦးကို နိုဝင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် လည်းကောင်း ၊ ကြို့ပင်ကောက်မြို့အနီး တောင်ပို့ပြောင်ထိပ်နှင့် ကန်ကလေးကြားသို့ တက်လာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များ၏ ဆိုင်ကယ် ရှစ်စီးကို နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ် ခန့်တွင် မိုင်းကွင်းထဲ ဝင်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပဒေသာမိုင်း သုံးလုံးကွဲချိန်တွင် ပြန်ဆုတ်သွားကြောင်း အုတ်ဖိုမြို့နယ် မြေအောက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီဝင်များ၏ အထိအခိုက် အကျအဆုံးစာရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Photo – Generation Z Power-GZP Mandalay မှ ရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article