27 C
Yangon

တောင်ကြီးတန်ဆောင်တိုင် လူစည်စေရန် လမ်းတချို့ပိတ်ပြီး ပွဲကျင်းပသည့်နေရာသို့ ဖြတ်သန်းခိုင်း၊ တစ်ယောက် တစ်သောင်းဖြင့် ပွဲသွားရန် လိုက်ခေါ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင်ပွဲတော်တွင် စစ်ကောင်စီက လူစည်စေရန် လမ်းတချို့ပိတ်ပြီး ပွဲကျင်းပသည့်နေရာသို့ ဖြတ်သန်းခိုင်းနေကြောင်း တောင်ကြီးမြို့ခံတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“လူမစည်တာကိုစည်အောင် တချို့လမ်းတွေကို ပိတ်ပြီးတော့ တန်ဆောင်တိုင်းပွဲသွားတဲ့လမ်းကို‌သွားခိုင်းတယ်။ တန်ဆောင်တိုင် ပွဲကျင်းပတဲ့ရှေ့ကနေ ဖြတ်ခိုင်းထားတာ” ဟု တောင်ကြီးမြို့ခံတစ်ဦးက ဆိုသည်။

ထို့ပြင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို သွားရောက်ကြရန်အတွက်လည်း တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သောင်းပေး၍ သွားခိုင်းသည်ဟု သိရှိရသည်။

“တောင်ကြီး တန်ဆောင်တိုင်ပွဲမှာ လူမရှိလို့ အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်အုပ်ကြီးတွေကိုခေါ်ပြီး အတင်းအဓမ္မစေခိုင်း လူခေါ်ခိုင်းတယ်။ ဒါကို အုပ်ကြီးတွေက ရပ်ကွက်ထဲမှာရှိတဲ့ ‌သူဌေးအိမ်တွေ၊ ဆိုင်တွေကို အလှူ‌လိုက်တောင်းတယ်။ ပြီးတော့ရလာတဲ့ ငွေနဲ့ အိမ်ထောင်စုတစ်စု၊ လူတစ်ယောက် ၁၀၀၀၀ ကျပ်ပေးမယ်ပြောပြီး တန်ဆောင်ပွဲ တော်ခေါ်နေပါတယ်။ စိန်းပန်းရပ်ကွက်၊ရွှေတောင်ရပ်ကွက်၊ချမ်းမြသာစည်ရပ်ကွက်၊၃ရပ်ကွက် အုပ်ကြီးတွေ ပေါင်းပြီးတော့လုပ်နေကြတာ” ဟု တောင်ကြီးမြို့ခံကဆိုသည်။

ထို့ပြင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စည်ကားစေရန်အတွက် မန္တလေး တိုင်း၊ ပုသိမ်းကြီးမြို့နယ်၊ နန္ဒာတောင်ကျေးရွာမှ ပျူစောထီးများက ယနေ့ နံနက် ၅ နာရီခွဲတွင် ကား ၄ စီးဖြင့် ထွက်ခွာသွားကြောင်း၊ အဆိုပါ အဖွဲ့ကို ပျူစောထီးခေါင်းဆောင် စိုးလှိုင်မင်း၊ လ၀ကမှူး ဦးစီးမှူး မပြုံးပြုံး၊ ပျူစောထီးကိုကုလားနှင့်ပြောင်ကြီးတို့က ဦးဆောင်သွားကြောင်း၊ ရွာရှိ လူအကုန်ခေါ်တင်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ-ညအချိန်တောင်ကြီးမြို့မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article