26 C
Yangon

ကနီမြို့နယ်တွင် တော်လှန် တန်ဆောင်တိုင် စစ်အာဏာရှင်ဆန့် ကျင်ရေးညသပိတ် ချီတက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် တော် လှန်ပြည်သူ များမှဦးဆောင်ပြီး နယ်မြေမငြိမ်မသက်ဖြစ်နေသည့် ကြားမှ ပြည်သူအင်အားအများအပြားဖြင့် တော်လှန် တန်ဆောင်တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ကို ကျင်းပပြုလုပ‌ြသည်။

တော်လှန် တန်ဆောင်တိုင်ရောက်ပြီ ပြည်သူ့မဏ္ဍိုင် မယိုင်စေနဲ့ ၊ အဏာရှင်မှန်သမျှ တော်လှန်ကြ ၊ ထလော့မြန်မာ ၊ ကနီမြို့နယ်သပိတ်စစ်ကြောင်း ၊ ၅/ကနန လူထုသပိတ် စာသားများကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောပြောခဲ့ကြပြီး ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများအား အလေးပြုခြင်း၊ သွေးသစ္စာ သီချင်းကို သံပြိုင်သီဆိုခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် စစ်အာဏာရှင်ကိုဆန့်ကျင်သည့် တော်လှန် မီးပုံးပျံများ လွှတ်တင်၍ ဆန္ဒပြခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article