27 C
Yangon

မြောင်နှင့် ရေစကြို အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ယနေ့ ညပိုင်းအထိ မီးတင်ရှို့နေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းထိ မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်ရှိ ဆင်ခြေရာရွာနှင့် မြောင်မြို့နယ်ရှိ နနွန်းကိုင်းကျေးရွာတို့ကို ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

” တိုက်ပွဲမဖြစ်ဘူး။ နံနက်ပိုင်းလောက်က အင်အား ၃၀၀ လောက်ပါနဲ့ စစ်ခွေးတွေ ရွာ၂ ရွာကို ဝင်စီးပြီး မွန်းလွဲ ပိုင်းလောက်တည်းက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ အခုညပိုင်းအထိကို ရှို့နေတုန်းပဲ စစ်ခွေးတွေ အခုထိရှိသေးတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်ခြေရာရွာနှင့် နနွန်းကိုင်းကျေးရွာတွင် လက်ရှိချိန်ထိ တပ်စွဲထားပြီး ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးလဲ လက်ရှိချိန်တွင် အနီးအနားရှိ ကျေးရွာ ၅ ရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article