26 C
Yangon

စမ်းချောင်း၊ ကျွန်းတောလမ်းမကြီးပေါ်ရှိ ကျွန်း/မြောက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်၊ သာကေတွင်လည်း ကျယ် လောင်သော ပေါက်ကွဲသံဖြင့် ဗုံးကွဲမှုဖြစ်၊ ပုသိမ်မြို့ရေပေါ်စျေးတွင်လည်း ဗုံးပေါက်ပြီး တန်ဆောင်တိုင်ပွဲပျက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်နှင့် သာကေတမြို့နယ်တွင် ယနေ့ညပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းကြီး၊ ကျွန်းတောမြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက် ကွဲသံထွက်ပေါ်လာခြင်းဖြစ်‌ကြောင်း သိရှိရသည်။

“ဗုံးပေါက်သံကြားတယ်။ လူတော့မထိဘူးလို့ သိရတယ်။ စစ်တပ်နဲ့ရဲတော့ ရောက်လာတယ်။ လူတွေကတော့ သူတို့လာရင် အထဲပြန်ဝင်ပြီး ချောင်းကြည့်ပေါ့” ဟု ကျွန်းတောလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အလားတူ သာကေတမြို့နယ်တွင် ယနေ့ည ၉ နာရီ ၁၀ မိနစ်အချိန် ဗုံးပေါက် ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

“သာကေတမှာဗုံးပေါက်တာ အိမ်တောင်တုန်တယ်။ တော်တော်လည်း ဗုံးက ပြင်းတယ်။ အကျယ်ကြီး အသံက ။ မြင်တော်သာကနေကြားလိုက်တာ။ ၄ ရပ် ကွက်ထဲက အုပ်ချုပ်ရေးမှူးရုံးများလား မသိဘူး” ဟု သာကေတ ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့အတူ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ကျော်အချိန် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ရေပေါ်စျေးတွင် ယနေ့ ဗုံးပေါက်ကွဲသဖြင့် လူ ၁ ဦး ထိခိုက်ဒဏ်ရရှိပြီး တန် ဆောင်တိုင်ပွဲ ပျက်သွားကြောင်း၊ လူရုတ်ရုတ်သဲသဲဖြစ်ပြီး စစ်တပ်နှင့်ရဲများက အိတ်များကို အဓိက ထား စစ်ဆေးကြောင်း ဒေသခံများက ပြောဆိုသည်။

“ပုသိမ်မှာ ရေပေါ်စျေးမှာဗုံးပေါက်တာ ၁ယောက်ထိတယ်။ စစ်တပ်က ကမ်း နား၊ မြို့တော်ခန်းမရှေ့မှာ။ အခုကမ်း နားမှာ စစ်ဆေးရေးတွေ အရမ်းစစ်နေတယ်။ လုံခြုံရေးချထားတဲ့ကြားက ဗုံးပေါက်လို့ တင်းပြီးတော့ လူတွေနဲ့ အိတ်တွေကို လိုက်စစ်နေတာ” ဟု ပုသိမ်ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၁ ရက်နေ့ ပုသိမ်မြို့တွင် စစ်ဆေးရေးလုပ်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article