27 C
Yangon

ပဲခူးမြို့ ရွှေမော်ဓောဘုရား တန်ဆောင်တိုင်ပွဲ လူစည်ကားသည့် ဓာတ်ပုံရရန်အတွက် နေရာတစ်ခုတွင် လူများကိုစုဝေးခိုင်းပြီး စေတီနောက်ခံဖြင့် ဓာတ်ပုံရိုက် လူစည်ကားဟု ဝါဒဖြန့်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ပဲခူးမြို့ ရွှေမော်ဓောဘုရား တန်ဆောင်တိုင်ပွဲ လူစည်ကားသည့်ဓာတ်ပုံရရန်အတွက် တစ်နေရာတွင် လူများကိုစုဝေးခိုင်းပြီး စေတီနောက်ခံဖြင့် ဓာတ်ပုံရိုက် ဝါဒဖြန့်ကြောင်း ပွဲတွင် ရှိနေသည့် ရန်ကုန်ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။

“တန်ဆောင်မုန်းလပြည့်ည တန်ဆောင်တိုင်ပွဲတော်စည်ကားမှုမရှိပါဘူး။ သူတို့လူတွေချည်းပဲ။ အဲဒါကို လူမများ၊ များအောင် ကို ဌာနဆိုင်ရာဝန်ထမ်းတွေ တွေကို ဖြန့်ခိုင်းထားပြီး မီးပုံး တုတ်တွေ ကိုင်ခိုင်းထားတယ်။ လူ များသယောင်ဘုရားနောက်ခံနဲ့ ဓာတ်ပုံ ရိုက်ယူကြပါတယ်။ မနေ့ညကက လူမစည်တဲ့ ဓါတ်ပုံတွေပြန့်သွားလို့ ဒီနေ့အဲဒီလို ဇတ်လမ်းဆင်ပြီး လုပ်တာ။ ဓာတ်ပုံရိုက်တဲ့လူတွေကိုလည်း လိုက်ကြည့်ပြီး စစ်ဆေးတယ်” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။

လက်ရှိအချိန် ဘုရားပွဲကွင်းအတွင်းတွင် မီးပုံးပျံ ၆ လုံး လွှတ်တင်နေပြီး လူမရှိသလောက် နည်းပါးသွားကြောင်း၊ စတိတ်ရှိုးလုပ်နေသော်လည်း ပွဲကြည့်စင်ရှေ့တွင်သာရှိပြီး ဆိုင်ခန်းများလည်း လူမလာ၍ ပိတ်သိမ်းထားသည်ကို မြင်တွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article