ရန်ကုန်၊ နိုဝင်ဘာ ၈
ပြည်တွင်းတွင် ငွေကျပ် ဘီလီယံများစွာ လိမ်လည်ထားသည့် Capital FX Myanmar ထူထောင်သူ ဘရန်အောင် (ခ)အောင်အောင်ဦးနှင့်အဖွဲ့က ရင်းနှီးမြုပ်နှံမှုဆိုင်ရာ Facebook Page ၄ ခုထက်မနည်း ဖွင့်လှစ်၍ ငွေအရင်းရော အတိုးပါ မပေးဘဲ လိမ်လည်ထားကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။
ဘရန်အောင် ခေါ် အောင်အောင်ဦးနှင့်အဖွဲ့ ထူထောင်ထားသော Facebook Page များမှာ-
၁- Passive U Finance
၂- Fair Forex Trading Myanmar – Mandalay Branch
၃- OGFX မြန့်မာ့ရင်းနှီးမြုပ်နှံဝန်ဆောင်မူ
၄- Green FX Investment
တို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Page များတွင်လည်း အတိုးများပေး၍ ရင်းနှီးမြှုပ်နှံမှု ရှယ်ယာများ ခေါ်ထားသဖြင့် ထည့်ဝင်သူများရှိပြီး လက်ရှိတွင် အတိုးရော အရင်းပါ မရဘဲဖြစ်နေသည်ဟု သိရှိရသည်။
” အခု သူတို့ ထောင်ထားတဲ့ Capital FX Myanmar ၊ Green FX ၊ Passive U Investment ၊ OGFX Investment ဆိုတဲ့ အဲဒီ Page ၄ ခုက အမြတ်ငွေလည်းမပေးတဲ့အပြင် အရင်းငွေပါ ပြန်မပေးဘဲ အမျိုးမျိုး အကြောင်းပြလိမ်နေတယ်။ အချိန်ဆွဲနေတယ်။ အဓိက ငွေကြေးအများဆုံးကတော့ Capital FX Myanmar က အများဆုံး လိမ်ထားတာ။ ကျန်တဲ့ Page တွေက Capital FX Myanmar လောက်မများဘူး။ ဖေ့ဘုတ်စ်မှာ လေ့လာကြည့်ရင်သိပါတယ်” ဟု ငွေကြေးအလိမ်ခံထားရသူတစ်ဦးက ပြောသည်။
ဘရန်အောင်(ခ) အောင်အောင်ဦး နှင့်အဖွဲ့ က ငွေကြေးလိမ်လည်နေသော Facebook Page များမှာ-
၁-https://www.facebook.com/passiveufinance
၂-https://www.facebook.com/greenfxtrading
၃-https://www.facebook.com/OGFX-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%B7%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%AE%E1%80%B8%E1%80%99%E1%80%BC%E1%80%AF%E1%80%95%E1%80%BA%E1%80%94%E1%80%BE%E1%80%B6%E1%80%9D%E1%80%94%E1%80%BA%E1%80%86%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%99%E1%80%B0-105539268727463
၄-https://www.facebook.com/fairforextradingmyanmar တို့ဖြစ်ကြသည်။
Green FX ထံတွင်ငွေလိမ်လည်ခံလိုက်ရသည့် ပြည်သူတချို့က ငွေကြေးများကို အတိုးပေးမည်ဟု ရှယ်ယာခေါ်ယူသွားပြီးနောက် ဆက်သွယ်မရတော့ဘဲ ငွေကြေးများ ဆုံးရှုံးနေရသည်ဟုဆိုသည်။
ငွေကြေးလိမ်ခံရသူ ရန်ကုန်ဒေသခံတစ်ဦးက “CFMနဲ့ပုံစံတူ Green FX က ကျနော့်ဆီက ငွေလိမ်သွားပါတယ်။ သူကရန်ကုန်ကရုံးထိုင်လို့ပြောတယ်။ အမြတ်ငွေပေးတဲ့ရာခိုင်နှုန်းတော့မတူဘူးပေါ့။ ကုမ္ပဏီ နာမည်က Green FX ပါ။ ငွေထည့်ပြီးတော့ မူရင်းPageမှာ စာမပြန်၊ ရုံးဖုန်းတွေဆက်တော့လည်း ပိတ်ထားနဲ့ အလိမ်ခံလိုက်ရတယ်။ အခြေနေစောင့်ကြည့်သေးတယ်။ အကြောင်းမထူးဘူး။ ၃လ ၄လလောက်ကြာပါပြီ။ စောင့်နေတာ။ အလိမ်ခံရတဲ့ ရှယ်ယာရှင် ရင်းနှီးမြုပ်နှံတဲ့မန်ဘာဝင်တွေအများကြီးပါ။ အချို့ကလည်း အရှက်ကွဲမှာစိုးလို့မတိုင်တာရယ်၊ တချို့က တရားစွဲချင်ပေမယ့် မလုပ်တတ်တာရယ်ကြောင့်ငြိမ်နေကြသာပါ။ ကျနော့်ငွေ သိန်း ၁၀၀ လောက်ပါသွားတာပါ” ဟု ပြောဆိုသည်။
ဘရန်အောင်(ခ) အောင်အောင်ဦးနှင့်အတူ ထူးမြတ် အပါအဝင် အဖွဲ့ဝင်များက ပုံစံအမျိုးမျိုး၊ Page အမျိုးမျိုး ဖွင့်လှစ် လိမ်လည်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ-ဘရန်အောင်(ခ) အောင်အောင်ဦး။
