26 C
Yangon

Must read

မြိုင်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အသက် ၆၀ အရွယ် ဦးကြီးရွှေ သေဆုံးပြီး ဇနီးဒေါ်စိန်ဆင့် ခြေထောက် ဒဏ်ရာ ရ

ရန်ကုန်၊ နိုဝင်ဘာ ၈

မကွေးတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်နက်ကြီးများဖြင့် ပစ် ခတ်ခြင်းကြောင့် ဒေသခံ ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကြောင်း We love Myaing အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၉ နာရီခန့်တွင် မြိုင်မြို့ နယ် အနောက်တောင်ပိုင်း ဝက်ပုတ်ရွာရှိ ပျူစောထီး စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ပြီးနောက် ဝက်ပုတ်ရွာ ပျူစခန်းမှ စစ်သားနှင့် ပျူစောထီးများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး မြိုင်မြို့နယ် အနောက် တောင်ပိုင်း ချောင်းဦးတိုရွာမှ နေအိမ်တစ်လုံးကို ထိမှန်ကာ အသက် ၆၀ အရွယ် ဦးကြီးရွှေကို ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန် သေဆုံးခဲ့သော ဦးကြီးရွှေ၏ အမျိုးသမီးဖြစ်သူ ဒေါ်စိန်ဆင့်မှာလည်း ခြေထောက်တွင် ဒဏ်ရာ အပြင်း အထန် ရရှိခဲ့ကြောင်း သိရှိရသည်။

“ဒေါ်စိန်ဆင့်ကိုတော့ အခု ဆေးရုံပို့ထားပါတယ်။ အသက်ကြီးတော့ စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သရက်ကွရွာ (ပျူစောထီးရွာ) မှ စစ်သားနှင့် ပျူစောထီးများသည် ကံယာကောင်း ရွာသို့ သေနတ်များ ရမ်းသမ်း ပစ်ဖောက် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းမှ ပြည်သူများပိုင်သော ဆိုင်ကယ် ၅ စီး၊ ရွှေ ၁ကျပ်သား၊ ငွေကျပ် သိန်း ၁၀ ဝန်းကျင်နှင့် ဖုန်းတစ်လုံးတို့ကို ခိုးယူ လုယက်သွားကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာရရှိထားသူ ဒေါ်စိန်ဆင့်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article