28 C
Yangon

ခင်ဦးနှင့် မုံရွာတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၇ ဦးသေဆုံး၊ တနင်္သာရီတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခု တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ည ၉ နာရီခန့်တွင် ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရွာသစ်ကုန်း ကျေးရွာ၊ အင်းပတ်ကွေ့နှင့် မူးတိမ်ချောင်းတံတား ဝပ်ကျင်းတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” မနေ့က တိုက်ခိုက်မှုမှာ ၇ ကောင်သေတာ သေချာပါတယ်။ ဒီနေ့ နံနက် အစောပိုင်း ရေဦးဆေးရုံကို သယ်သွားကြပါတယ်။ ၃ နေရာပေါင်းက သေစာရင်းဖြစ်နိုင်ပါတယ်။ ဘယ်နေရာတွေမှာ သေတဲ့ သူတွေလည်းဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု Khin U SpecialForce Organization (KSO) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို မြို့နယ် ပကဖ၊ KSO တပ်ဖွဲ့၊ ဒေါင်းစစ်သည် LDF၊ KDK-KU၊ ARF၊ စွန်ရဲနီ-LDF၊ Future Heros-KU၊ Northern Tiger Group-NTG၊ ဗိုလ်လင်းယုန်-LDF-KU၊ သူရိန်လျှပ်စီးမိုးကြိုးနှင့် မဟာမိတ် LDF တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မုံရွာမြို့နယ် ထန်းလေးပင်ရွာကို မီးရှို့ပြီး ပျူစောထီးရွာဖြစ်သည့် တောပုရွာနှင့် ကြာပိုင်ရွာဘက်သို့ ဝပ်ကျင်းပြုလုပ်ရန် ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ပျူစောထီးများကို နိုဝင်ဘာ ၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် လက်နက်ကြီး/ငယ်များနှင့် အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထိခိုက် သေစာရင်းကို မသိရသေးကြောင်း Area 71 PDF Monywa က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

တိုက်ခိုက်မှုကို Area 71 PDF Monywa ၊ မုံရွာခရိုင်တပ်ရင်း – ၂ ၊ Chindwin Attack Force တပ်ခွဲ၂ ၊ Monywa Special ဒိတ်ဒိတ်ကြဲ Monywa Force (MYF) အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂ ဦး အနည်းငယ် ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ရုံဖြစ်ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ထို့ပြင် တနင်္သာရီမြို့နယ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့တွင် တမုတ်ချုံးရွာအနီး အကြမ်းဖက် စစ်​တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း-၂ တပ်ခွဲ(၂) တနင်္သာရီကာကွယ်ရေး ပြောက်ကျား ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ တပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း-(၂)က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article