26 C
Yangon

ရေစကြိုမြို့နယ်၊ မာလကာခြံရွာနှင့်မြေဇွန်တော်ကျေးရွာကို စစ်တပ်က မီးဝင်ရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မာလကာခြံကျေးရွာနှင့် မြေဇွန်တော်ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးဝင်ရှို့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ရေစကြိုမြို့နယ် မာလကာခြံကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ကြောင်း၊ ယင်းနောက် မြေဇွန်တော်ကျေးရွာကို စစ်တပ်က ထပ်မံ၍ မီးရှို့ခဲ့ကြောင်း၊ ဒေသခံ ပြည်သူထောင်ချီ၍ ထွက်ပြေးရကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ပြည်သူများက ဆိုကြသည်။

“ဒီနေ့ မနက်ခင်းအစောကြီးကို မာလကာခြံရွာကို မီးရှို့တယ်။ မာလကာခြံရွာကို ရှို့ပြီးတော့ မြေဇွန်တော်ကျေးရွာကို ထပ်ရှို့တယ်။ အတိအကျက ပြောလို မရဘူး။ ပြည်သူတွေထွက်ပြေးပြီး အဝေးကပဲ ကြည့်ရတာမို့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေစကြိုမြို့နယ်ရှိ ဆင်ခြေရာရွာနှင့် မြောင်မြို့နယ်ရှိ နနွန်းကိုင်းကျေးရွာတို့ကို ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

” တိုက်ပွဲမဖြစ်ဘူး။ မနေ့ နံနက်ပိုင်းလောက်က အင်အား ၃၀၀ လောက်ပါနဲ့ စစ်ခွေးတွေ ရွာ၂ ရွာကို ဝင်စီးပြီး မွန်းလွဲ ပိုင်းလောက်တည်းက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ အခုညပိုင်းအထိကို ရှို့နေတုန်းပဲ စစ်ခွေးတွေ အခုထိရှိသေးတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရေစကြိုမြို့နယ်၊ မာလကာခြံကျေးရွာကို စစ်တပ်က မီးတင်ရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article