26 C
Yangon

အရာတော်တွင် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးခန့် ထိခိုက် သေဆုံးကာ စစ်တပ်က မွေးမြူရေးခြံများကို မီးရှို့ဖျက်ဆီး၊ မုံရွာမြို့ရှိ အရာရှိ ရိပ်သာ ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း အရာတော် မြို့နယ်တွင် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း ပကဖ – အရတ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် အရာတော်မြို့နယ် နောင်ကြီးအိုင်ကျေးရွာ အကြမ်းဖက် စစ်တပ် ခြေကုပ်စခန်းမှ စစ်သားများသည် အရာတော်မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး နောင်ကြီးအိုင်စခန်းသို့ ပြန်လာစဥ် ပြည်သူ့ကာကွယ်‌ရေး ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးခန့် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

” အဲဒီ တိုက်ခိုက်မှုက ကြားဖြတ် တိုက်ခိုက်တာဆိုတော့ ၄ ဦးလောက် ထိခိုက် သေဆုံးနိုင်တယ်။ သေဆုံးတဲ့ အရေအတွက် ကိုတော့ ကျွန်တော်တို့အနေနဲ့ အတည်ပြုနေဆဲပါ။ စစ်ခွေး အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းပါ။ နောင်ကြီးအိုင်ကို အဲစစ်ခွေးတွေက ပြန်လာတာပါ။ ပစ်ခတ်မှု ဖြစ်ပွားပြီးတော့ စစ်ခွေးတွေက အုတ်ရှစ်ကုန်းရွာက ဝက်ခြံနဲ့ ကြက်ခြံတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ တိရိစ္ဆာန်တွေကို သတ်ဖြတ်သွားပါတယ်” ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မုံရွာခရိုင် PDF တပ်ရင်း(၁၉) တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အရာရှိ ရိပ်သာကို ဒေသခံ ကာကွယ်ရေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က ရွှေတြိဂံ(GTF)နှင့်Chindwin attact Force တပ်ရင်း ၂ တပ်ခွဲ ၄ Fight For People တို့ ပူးပေါင်းကာ ၄၀ မမ အလုံး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၂ လုံး အရာရှိ ရိပ်သာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ၁ ဦး ထိမှန်ခဲ့ပြီး ပြည်သူဆေးရုံသို့ လူမှုကူညီရေးကားဖြင့် သယ်သွားကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူသည် ခြေတောက်ဖျက်ရမည် သိရကြောင်း ရွှေတြိဂံ GTF အဖွဲ့က ထုတ်ပြန်ထားသည်။

Photo – အရာတော်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ပြည်သူပိုင် မွေးမြူရေးခြံများကို မီးရှို့ ဖျက်ဆီးသည်ကို တွေ့မြင်ရပုံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article